အတွေး...............

ည...........အိပ်လို့မရ
အတွေးထဲနစ်မြော အတွေးပေါင်းများစွာ
အချိန်တွေကုန်ဆုံး နာရီပေါင်းများစွာ
ဒီအချိန်ပါပဲ.......
ငါမှတ်မိနေစဲ နင့်ထွက်ခွါသွားခဲ့
မျှော်လင့်ချင်း မျက်ဝန်းတွေနဲ့
နင့်ရဲ့အကြည့် ငါ့ရဲ့အကြည့်
အားပြိုင်နေခဲ့..........
တဖြည်းဖြည်းနဲ့ အချိန်တွေကုန်ဆုံး
နှစ်တွေအလီလီ ဟောင်းသွားပြီလေ
ရာသီစက်ဝိုင်းက အမြဲမပျက်
လည်ပတ်နေခဲ့.........
တစ်ချိန်ချိန်မှာ ပြန်ဆုံးရမယ်လို့
ငါမျှော်လင့်ခဲ့ မျှော်လင့်နေစဲ
ရင်မှာဒဏ်ရာ ဝေဒနာက
တစစ်စစ်နာကျင် ဒဏ်ရာပြင်းခဲ့
နင်ထားသွားခဲ့တဲ့ ငါ့နှလုံးသား
ဒဏ်ရာတွေ ဗရပွပေါ့.......
ဒါပေမဲ့.......
အချိန်ကစကားပြောလာတယ်
သေသောသူကြာရင်မေ့
ပြောက်သောသူရှာရင်တွေ့တဲ့
နင်က သေသွားတာလဲမဟုတ်...
နင်က ပျောက်သွားတာလဲမဟုတ်...
ငါ့ကို ထားသွားတာလေ
တစ်ချိန်ချိန်တော့ နင့်မေ့သလို့
ငါလဲမေ့သွား မှာပါပဲနော်....
ဒါပေမဲ့...........ပေါ့လေ
ခုချိန်ထိ ငါတွေးနေစဲပါ
နင်ပြန်လာမဲ့ အတွေးလေးပေါ့.....
****************************
                                ကိုယ်ပိုင်မှတ်စု

   ပုဂံသားလေးကျွန်တော် 

Comments

Post a Comment

Thank,s for ...

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》