အို....ဘယ့်မိခင်


မြစ်မင်းဧရာ
စိမ်းလဲ့ရေပြင်
တသွင်သွင်နဲ့
စီးဆင်းနေပါ
မြစ်ဧရာ....။ ။
သူ့ရေနဲ့စိုက်ပျိုး
သူ့ရေပေါ်သွား
သူ့ရေကိုသုံး
သူ့ကိုပြစ်မှား
စော်ကားကြလဲ
အပြုံးမပျက်
စီးဆင်းလျှက်ပါ....။ ။
သန်း ၆၀ မိခင်
မြစ်မင်းဧရာ
သူသေသွားလျှင်
အားလုံးပြည်သူ
သေသည်နှင့်တူ
မလွဲအမှန်
ဧကံမုချ
ဒုက္ခရောက်မည်...။ ။
မြစ်မင်းဧရာ
စိမ်းလဲ့ရေပြင်
တသွင်သွင်နဲ့
ကမ္ဘာတည်၍
စီးဆင်းနေပါ
တောင်းဆုချွေသည်
အို.....ဘယ့်မိခင်
ဧရာဝတီ.....။  ။

***-***-***-***


                    ကိုယ်ပိုင်မှတ်စု


 *** ပုဂံသားလေးကျွန်တော် *** 

Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》