မျှော်လင့်ခြင်း.....ညများ
ချစ်သူ........
နုညံ့တဲ့အပြုံးတစ်ပွင့်နဲ့
ပြုံးလိုက်တဲ့မင်းရဲ့အပြုံး....
စွဲမက်ဖွယ်အကြည့်တစ်ချက်နဲ့
ကြည့်လိုက်တဲ့မင်းရဲ့အကြည့်.....
ချိုသာတဲ့အပြောလေးတွေနဲ့
ပြောလိုက်တဲ့စကားတစ်ခွင့်.....
ငါ့နှလုံးသားမှာကဗျည်းထိုးခဲ့.....
မေ့လို့မရတဲ့မင်းရဲ့အမူအရာလေး
ငါ့မျက်ဝန်းထဲမှာစွဲထင်နေခဲ့.....
ငါ့အိမ်မက်တွေကို
မင်းအပိုင်သိမ်းလို့
ညစဉ်,ညတိုင်း
ရောက်လာခဲ့သူ
အိပ်ပျက်ပေးမဲ့
မင်းအလားကို
မျှော်လင့်ကြီးစွာ
စောင့်နေခဲ့သူ ။ ။
******-********
ကိုယ်ပိုင်မှတ်စု
Comments
Post a Comment
Thank,s for ...