ငါ့အတွက်သာ ဖြစ်မည်
အတိတ်ကိုလည်း မတွေးတော့ဘူး
အနာဂတ်ကိုလည်း မတွေးတော့ဘူး
ပစ္စုပ္ပန်မှာပဲ ပျော်အောင်နေလိုက်မယ်
အတိတ်မှာ....
ဖြစ်ပျက်ခဲ့တာ
ပြန်မတွေးတော့ဘူး...
အတိတ်ဟာ
အတိတ်မှာပဲ
ကျန်ခဲ့မှာပဲလေ.....
အနာဂတ်ကိုလဲ
ငါမျှော်မကြည့်ဘူး...
ဖြစ်လာသမျှ
ရင်ဆိုင်မယ်
အနာဂတ်ဟာလဲ
နောင်တစ်ချိန်မှာ
အတိတ်ဖြစ်မှာပဲလေ....
ပစ္စုပ္ပန်ကိုတော့
ငါတန်ဖိုးထားတယ်
လက်တွေ့လုပ်
လက်တွေ့ကျင့်
လက်တွေ့ဖြစ်
ငါလုပ်သမျှ
အဆိုး,အကောင်း
ငါသာသည်ပဲ
ခံရ,စံရမှာလေ
ဒါကြောင့်......
ငါပြောပြမယ်
အတိတ်ကိုလဲ မတွေးနဲ့
အနာဂတ်ကိုလဲ မမျှော်နဲ့
ပစ္စုပ္ပန်သည်သာ ငါ့ဘဝ
ငါ့အတိတ် ငါ့အနာဂတ်
ငါ့အတွက်သာဖြစ်မည်။ ။
******-*****-*********
ကိုယ်ပိုင်မှတ်စု
ပုဂံသားလေးကျွန်တော်
Comments
Post a Comment
Thank,s for ...