လျှပ်ပန်း

မေ့မှာစိုးလို့
မြတ်နိုးတွယ်ငင်
သံယောဇဉ်ဖွဲ့
မြင်ကြည့်လဲလေ
သိစေချင်သည်။ ။

ဝေးမှာစိုးလို့
နှောင်ကြိုးပတ်ရစ်
ထပ်ထပ်သစ်ချည်
နားလည်းငဲ့ညာ
ခွဲခွါ ရက်ရဲ
ခေါ်လိုက်ချင်သည်။ ။

လွမ်းမှာစိုးလို့
မြတ်နိုးမိခြင်း
နှောင်ရစ်တင်းသည်
ချစ်ခြင်း တစ်စ
သမုဒယအပူ
သူမှသူဆိုသည့် အစွဲ
ရင်ထဲမြေ့ကျွမ်း
ကိုယ်ပဲလွမ်းမယ်
တမ်းတမြိုက်စူ
ကိုယ်ပဲယူမယ်
သူမ သိစေ
ရှိပါ စေတော့
ကြာလေလေ ဝေး
ဝေးလေလေ မေ့
မေ့လေလေ ပျောက်
အိမ်မက်လောက်သာ
ထင်ပါ စေကွယ်
တစ်ကယ်ဆိုက
တစ်ဘဝ တစ်လမ်း
ခဏ လမ်းကြုံ
လျှပ်ပြက် ရုံမျှ
ပုံပြင်ကလေးပဲ
မှတ်လိုက်နော်။ ။

                   မောင်စိန်ဝင်း(ပုတီးကုန်း)


Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》