သံဝေဂ
" သံဝေဂ "
~~~~~~~~
- နွေအဖွင့်၌
ရော်ရင့်ရွှက်ဝါ နွမ်းညှိုးရှာသို့
ခန္ဓာနာမ်ရုပ် အကောင်ပုပ်သည်
အဟုတ်မကြာ တစ်နေ့ခါဝယ်
ယိုင်ကာနွဲ့ချိ တအိအိနှင့်
အိုမည့်ရက်ကို ကြိုသတည်း။
- လေအသင့်၌
ကြွေလွင့်မြေသက် ဟောင်းရော်ရွှက်သို့
ပဉ္စက်ခန္ဓာ ရွှံ့စရာသည်
မြဲကာမရှိ တရိရိနှင့်
နာမည့်ရက်ကို ကြိုသတည်း။
- ရေအပင့်၌
နှစ်ရင့်ကျောက်သား ရေတိုက်စားသို့
မနားဘယ်ခါ ဤခန္ဓာသည်
ပြိုလာယဲ့ချိ တတိတိနှင့်
သေမည့်ရက်ကို ကြိုသတည်း။ ။
စိတ္တဇအလွမ်း( ဖောင်ကြီး )
ပုဂံသားလေးကျွန်တော်
~~~~~~~~
- နွေအဖွင့်၌
ရော်ရင့်ရွှက်ဝါ နွမ်းညှိုးရှာသို့
ခန္ဓာနာမ်ရုပ် အကောင်ပုပ်သည်
အဟုတ်မကြာ တစ်နေ့ခါဝယ်
ယိုင်ကာနွဲ့ချိ တအိအိနှင့်
အိုမည့်ရက်ကို ကြိုသတည်း။
- လေအသင့်၌
ကြွေလွင့်မြေသက် ဟောင်းရော်ရွှက်သို့
ပဉ္စက်ခန္ဓာ ရွှံ့စရာသည်
မြဲကာမရှိ တရိရိနှင့်
နာမည့်ရက်ကို ကြိုသတည်း။
- ရေအပင့်၌
နှစ်ရင့်ကျောက်သား ရေတိုက်စားသို့
မနားဘယ်ခါ ဤခန္ဓာသည်
ပြိုလာယဲ့ချိ တတိတိနှင့်
သေမည့်ရက်ကို ကြိုသတည်း။ ။
စိတ္တဇအလွမ်း( ဖောင်ကြီး )
ပုဂံသားလေးကျွန်တော်
Comments
Post a Comment
Thank,s for ...