နှစ်သစ်မဟာ

" နှစ်သစ်မဟာ "

နွေဂိန္မာန် အကြိုထောက်လို့
ရွှေပိတောက် ပွင့်ရယ်
နွေရည်သောက် တင့်တယ်ပေသည်
ဝင့်ထည်စေ နှစ်တိုင်း။
လွမ်းစိတ်ဖြင့် ဆွေးရိပ်ညံသော်
မှေးအိပ်ဟန် ဖူးပွင့်ရစ်ဆိုင်း။

မိုးရနံ့ ဖြိုးသွန်းကြုံလျှင်
ရိုးဖူးငုံ ပွင့်ကိုင်း။
နွေရင်ခွင် မိုးညို့မှိုင်းလေမှ
ရစ်သိုင်းပွင့် ဝေဆာ။
ရိုးရာသင်္ကြန် ချစ်လှိုင်းဖွင့် ပါလို့
ဆင်တိုင်းတင့် ပွင့်ရွက်စုံညှာ။

နှစ်သစ်စ ပြည်မြန်မာဝယ်
မင်္ဂလာ ရေသဘင်ပွဲပေမို့
ချိမ့်ချိမ့်သဲ နွှဲကြသနော်
ချမ်းမြေ့ ရွှင်ပျော်။
မေတ္ထာပွား ရှုမြင်မြော်သကို
တရားတော် ဆိုထုံးကွဲ့လေး။

               " သစ်ရိပ်ညို "




ပုဂံသားလေးကျွန်တော်

Comments

Popular posts from this blog

♡ မင်္ဂလာခွန်းဆက် ♡

《《 ဝမ်းနည်းပါကြောင်း 》》