ယုံစားသူ မမှားတန်ရာ



နေလုံးရယ် ညိုမှောင်
တောင်စွယ်တွင် ဝင်ခိုပုန်းချိန်မို့
တိမ်တောက်တုန်း မှုန်းသချယ်ရာ
ဝင်းပပဖြာ ။
နီညိုသွေး ရမ်းညို့ဝါပြာ
ရောင်စဉ်ဖြာ ဝင်းတယ်လေး
လင်းရှင်စင်္ကြာ။

ညရေးည မှာဖြင့် လမင်းကသာ
စိန်ရောင်ဖြာ ပွင့်ဝါရွှင်သို့
ကြယ်စင်ကွန့်မြူး။
နက္ခတ်သဘင် လွန့်လူးပါတဲ့
မှူးတာရာရှင်။
ထူးခြားသည့် စန်းလာဘ်ဂြိုဟ်ခွင်
ပွင့်လန်းရွှင် သင်းတယ်လေး
နှင်းဆက်ကံသွင်။

အာရုံဦး လင်းရောင်စဉ်ရယ်
အမှောင်နှင် ချက်ခြင်း။
စိတ်အမှောင် ကံယုံဖက်စရာက
အတိတ်တဘောင် စောင်ခြုံထွက်ရာသို့
ဖျက်သည့်အလင်း။ ။

                   " သစ်ရိပ်ညို "



ကျွန်တော်ပိုင်သောနေရာလေးသို့

ပုဂံသားလေးကျွန်တော်

Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》