မြန်မာနှိုးသံ

အားမာန်အပြည့်ပါသော ဆရာဇော်ဂျီ၏ ဇာတိမာန်နှိုးဆော်သံကို ထည့်သွင်းအသုံးပြုထားပါသည်    ။     ။

       မြန်မာနှိုးသံ

ထလော့ မြန်မာ အိုမြန်မာတို့.....
တို့ရွာတို့ပြေ ငါတို့မြေသည်
အခြေ မလှ  ခေတ်နောက်ကျကာ
နှစ်လကြာညောင်း များစွာနှောင်းခဲ့
စုပေါင်းကြိုးကုတ် အားစိုက်ထုတ်၍
အလုပ်အားမာန် လုံ့လဟန်ဖြင့်
လျှင်မြန်တိုးပွား ရှေ့ဆက်သွားမှ
အများကဲ့ ရဲ့လွတ်မည်တည်း ။    ။

ထလော့မြန်မာ အိုမြန်မာတို့
သူ့ရွာသူ့ပြေ သာလှပေဟု
မှိုင်တွေငေးဘိ မော်မကြည့်နှင့်
တို့မိမြန်မာ  တို့ရပ်ရွာသည်
ရိုးရာစဉ်ဆက် လွန်မြင့်မြတ်၍
နှစ်သက်ဖွယ်ပေါ လွန်သာမောသည်
ပျက်လျောခေတ်ဆိုး လူညစ်မျိုးတို့
ခိုးဆိုးယုတ်မာ ပြု၍သာလျှင်
ကမ္ဘာခြေရင်း ကျသက်ဆင်းခဲ့
အတင်းရုန်းထ ကြိုးစားကြလျှင်
ထိပ်ကဧကန် ဖြစ်မည်တည်း ။   ။

ထလော့မြန်မာ.....
မြန်မာထလော့ မပျင်းတော့နှင့်
ခေါင်းမော့နားစွင့် မျက်စိဖွင့်၍
တတ်သင့်တတ်ရာ စုံလင်စွာကို
ဖွေရှာသင်လော့.....
ထို့ပြင်တခြား သုတပွားဖို့
မြောက်မြားလှစွာ ကမ္ဘာ့စာလည်း
ဖွေရှာဖတ်လော့.....
...................... စိတ်အားပျော့၍
မေ့လျော့ကာသာ ခုထက်ကြာလျှင်
မြန်မာတို့ဘုန်း လုံးဝသုဉ်း၍
အဆုံး၌ကား တန်ဖိုးထားရာ
တရားဝံသာ ဆိုသည်ဟာလည်း
နှုတ်မှာသာလျှင် ရှိမည်တည်း ။     ။

#ဝံသာနုလို့ ကျွန်တော်တို့ ကြွေးကြော်နေနိုင်ဖို့ဆိုရင် ကျွန်တော်တို့လိုအပ်သမျှအရာရာ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးနိုင်မှဖြစ်မယ်........။      ။

                                       
credit

  မိုးစက်လင်းညို

ပုဂံသားလေးကျွန်တော်

Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》