အိမ်အလှ

အိမ်အလှ - ဆရာဇော်ဂျီ

-

ငါ့ညီ ပြောင်ဝင်း ၊ မောင်သစ်ဆင်း

မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်

ဘယ်အိမ်မျိုးကို ကြိုက်သနည်း . . ။

-

အိမ်ရှေ့ ပန်းခင်း ၊ ဇာပြတင်းနှင့်

အိမ်တွင်းကော်ဇော ၊

အံ့သြ ရင်မ ၊ ဗန်းပြလှလည်း

စိတ်ကမောဟ ၊လက်က လောဘ

နှုတ်က မာန ၊ ထားတတ်ကြမှု

အတ္တ ကိုယ်ကျိုး ၊ ထိုအိမ်မျိုး . . ။

-

အိမ်နောက်စိုက်ခင်း ၊ စားမျိုးဟင်းနှင့်

အိမ်တွင်းသန့်စင် ၊ လေ နေ ၀င်နှင့်

အားအင်မျှတ ၊ ဗန်းမလှလည်း

စိတ်က မေတ္တာ ၊ လက်မှာစာဂ

နှုတ်က ဖြောင့်ရိုး ၊ အနေရိုးမူ

သူ့ကျိုး ၊ ကိုယ့်ကျိုး ၊ ထိုအိမ်မျိုး . . .။

-

ဇော်ဂျီ ---
၁၉၆၅

ပုဂံသားလေးကျွန်တော်

Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》