ဧည့်သည်

              ဧည့်သည်
           *********
လာတုန်းကလဲ တစ်ယောက်တည်းနော်

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။ ။

ပြန်သွားတော့လဲ တစ်ယောက်တည်းနော်

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။ ။

လာပြီးတော့နား မသွားသေးခင်

ချိန်လေးတွင်းမှာ ဝန်းကျင်ယှက်နွယ်

နှောင်ကြိုတွယ်ကြ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ

မလိုဒေါသ လိုလောဘနှင့်

ဘဝဇာတ်ခုံ ကကြိုးစုံကြ

ကံကုန်မိုးချူ ပ် လက်တွဲဖြုတ်ခါ

သုတ်သုတ်စောလျှင် ခရီးနှင်သည်

တို့များ ဧည့်သည် ပါတကား။  ။

Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》