ListView Priject (3)









ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 3 )
***********************

အပိုင်း ( 2 ) က layout အတိုင်း ရအောင် ရေးထားပြီးပြီလို့ ယူဆပါတယ်။

main.xml အတွက် layout ပိုင်းက ဒါပဲ ဖြစ်ပါတယ်။ ကဲ id ချိတ်တာ နဲ့ Button Click အတွက် ရေးပေးရအောင်ပါ။

ကျနော်တို့ ရေးထားတဲ့ Layout မှာ ListView တစ်ခုပါပါတယ်။ သူ့ကို AIDE Designer ကနေ ထောက်ပြီး ID ကို ရွေးပြီး id အဖြစ် listview လို့ ပေးလိုက်ပါ။

MainActivity class အတွင်းမှာ သူ့ကို id ရှာချိတ်ပါမယ်။ ဒီနေရာမှာ Beginner တော်တော်များများ onCreate() အတွင်းမှာပါ တန်းပြီး

ListView mListView = (ListView) findViewById( ) .... ဘာညာဆိုပြီး id ချိတ်ပစ်တတ်ကြပါတယ်။ အဲ့ဒီလို ချိတ်ရင် အဲ့ mListView ကို class အတွင်းက အခြားနေရာကနေ လှမ်းယူသုံးလို့ မရတော့ပါဘူး။ onCreate() ထဲမှာပဲ mListView ကို ကြေငြာတာ ရေးခဲ့တာတွေ လုပ်ခဲ့တော့ onCreate() အတွင်းမှာပဲ ယူသုံးလို့ ရပါမယ်။ ဒါကို Java မှာ scope (နယ်ပယ်) ကန့်သတ်မှု ရှိတယ်လို့ ခေါ်ပါတယ်။ ဒါဆို mListView ကို အခုရေးမယ့် class အတွင်း ဘယ်နေရာကနေ ခေါ်သုံးသုံးရအောင် ဒီ scope ကို မြှင့်ပေး ချဲ့ပေး (wide) ရပါမယ်။ variable တစ်ခုကို class ထိပ်ဆုံးမှာ ကြေငြာပေးလိုက်ရင် အဲ့ဒီ variable ရဲ့ scope ဟာ class အတွင်း ဘယ်နေရာက ခေါ်သုံးသုံးရတဲ့ class wide ဖြစ်သွားလို့ အဆင်ပြေပါပြီ။

ဒါကြောင့် ကြေငြာလိုက်ပါ MainActivity class အတွင်းက ထိပ်ဆုံးမှာ

ListView mListView;

App တစ်ခု စအလုပ်လုပ်တာဟာ onCreate() က ဖြစ်တာမို့ onCreate() အတွင်းမှာ အဲ့ mListView ကို id ဖမ်းချိတ်လိုက်ပါမယ်။

mListView = (ListView) findViewById(R.id.listview);

ဟုတ်ကဲ့ပါ အခု ကျနော်တို့ Button လေးခုအတွက် Click လုပ်ရင် သိအောင် ရေးပါမယ်။

ဒီနေရာမှာ Activity ကို extends လုပ်ထားတဲ့ Class အတွင်းတစ်ခုမှာ Button တွေကို id ချိတ်ပြီးမှ onClick Listener ချိတ်ပြီး ရေးတာနဲ့  onClick method တိုက်ရိုက်တန်းပြီးရေးတာဆိုပြီး အများဆုံး သုံးကြပါတယ်။ အခု ကျနော်တို့ရေးမှာက Activity ကို extends လုပ်ထားတဲ့ MainActivity class အတွင်းမှာမို့ onClick method ကို တန်းရေးပါမယ်။ Button တွေကို id ချိတ်မနေတော့ပါဘူး။ ပျင်းလို့ပါ။ :)

OK, Button လေးခုအတွက် onClick method လေးခု လိုမှာပေါ့။

အခု အပေါင်း Button အဝိုင်းအတွက် onClick method ရေးမှာမို့ AIDE Designer ကနေ + အဝိုင်း Button ကို ထောက်ပြီး OnClick မှာ clickPlusButton ဆိုပြီး ရေးလိုက်ပါ။

OnClick ရဲ့ သဘောတရားက အခု Button ကို နှိပ်လိုက်ရင် ဒီ အခုရေးလိုက်တဲ့ clickPlusButton ဆိုတဲ့ နာမည်နဲ့ method ကို run ပါလို့ ပြောလိုက်တာပါပဲ။

ဒါဆို ကျနော်တို့က clickPlusButton ဆိုတဲ့ နာမည်နဲ့ method တစ်ခုကို MainActivity class အတွင်းမှာ ဖန်တီးရေးပေးရမှာပေါ့။ ရေးရအောင်ပါ။ method တစ်ခု ရေးရင် သူ့ရေးနည်းအတိုင်း တစ်ဆင့်ချင်း ရေးပေးလိုက်ရုံပါ။

1) method တစ်ခုဟာ public, private, protected ဆိုတဲ့ modifier သုံးခုထဲက တစ်ခုခုနဲ့ စရေးရပါတယ်။ Button တစ်ခုအတွက် onClick method ဟာ အမြဲတမ်း public ဖြစ်ရပါမယ်။ ဒါကြောင့် စရေးပါမယ် ...

public

2) method တစ်ခုမှာ modifier ရေးပြီးရင် return type ထုတ်ယူမလား မယူဘူးလားဆိုပြီး သတ်မှတ်ပေးရပါတယ်။ Button တစ်ခုအတွက် onClick method တစ်ခုဟာ ဘာ return မှ ပြန်မယူထားတဲ့ void ဖြစ်ရပါမယ်။ ဆက်ရေးပါမယ်

public void

3) ဒီ နှစ်ချက်ပြီးတဲ့အခါ method တစ်ခုကို အမည်ပေးရပါမယ်။ အပေါ်မှာ ပေးမယ့်နာမည် ပြောထားခဲ့ပါပြီ။ ပေးလိုက်ပါ
public void clickPlusButton ( ) {

}

(method တွေကို စနစ်တကျ နာမည်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုပေးရမလဲ? အင်္ဂလိပ်လိုဆို ကြိယာရဲ့ action ကို ယူပေးရပါမယ်။ ဥပမာ clickButton ခလုတ်ကို ကလစ်ပါဆိုပြီး action verb ဖြစ်တဲ့ click ကို စရေးပေးမှ နည်းစနစ်ဖြစ်ပြီး buttonClick ဆို စနစ်မကျပါ။ "စနစ်မကျ" လို့သာ ပြောခြင်းဖြစ်ပြီး ဒီလို မပေးရလို့ မဆိုလိုပါ။ )

4) method တွေမှာ နာမည်နောက်က လက်သည်းကွင်းထဲမှာ မိမိ အသုံးပြုမယ့် Object တွေ data တွေကို input တောင်းယူ အသုံးပြု နိုငိပါတယ်။ input မတောင်းယူပဲနဲ့ လည်း အသုံးပြုနိုင်ပါတယ်။ ဒီ input အဖြစ် တောင်းယူတဲ့ object/data တွေကို argument parameters လို့ သုံးပါတယ်။ Button onClick အတွက် method တစ်ခုဟာ အမြဲတမ်း input  အဖြစ် View Object ကို ထည့်ပေးရပါတယ်။ ဒီလို input အဖြစ်ထည့်ပေးတာကို pass လုပ်တယ်လို့ သုံးပါတယ်။ အပေါ်က ကျနော်တို့ ရေးလက်စ Button onClick method မှာ View object ကို v ဆိုတဲ့ (ကြိုက်ရာ အမည်တစ်ခုခုနဲ့) pass လုပ်ပေးလိုက်ရအောင်ပါ။ ဒီလို ရလာပါမယ်။
public void clickPlusButton (View v ) {

}

ပြီးရင် အခု onClick method အလုပ် လုပ်မလုပ် Toast နဲ့ ထောက်ကြည့်နိုင်အောင်
စောစောက method ထဲ Toast လေးတစ်ခု ရေးထည့် ပေးထားလိုက်ပါ။

public void clickPlusButton (View v ) {

Toast.makeText(this,"Plus Button Clicked",Toast.LENGTH_SHORT).show();

}

ပြီးရင် အခု Method ဟာ Plus Button ရဲ့ onClick method မှန်း ဘယ်အချိန်ပြန်ကြည့်ကြည့် သိသာအောင် method အပေါ်ကနေ comment စာကြောင်းလေးတစ်ခုနဲ့ ရေးပေးထားခဲ့ပါ။

// Plus Button onClick() method

ကဲ project ကို build လုပ်ပြီး Plus Button ကို နှိပ်ကြည့်လို့ ရပါပြီ။

Congrats! ဂုဏ်ယူပါတယ်။ အခု Button တစ်ခုအတွက် onClick method တစ်ခုကို Button ကို id မချိတ်ပဲ တိုက်ရိုက် method ရေးနည်းနဲ့ ရေးလိုက်နိုင်ပါပြီ။

အခုအပိုင်းရဲ့ လေ့ကျင့်ခန်းအဖြစ် ကျန်တဲ့ LEVEL 1,2,3 Button သုံးခုအတွက် အခုနည်းအတိုင်း method သုံးခု ကိုယ်တိုင်ရေးရန်ပဲ ဖြစ်ပါတယ်။

ပေးရမယ့် method နာမည်တွေက

clickLevelOneButton
clickLevelTwoButton
clickLevelThreeButton

ရေးရမယ့်အဆင့်တွေက အပေါ်မှာ ရေးခဲ့တဲ့အတိုင်း -

** AIDE Designer ကနေ မိမိ onClick ရေးမယ့် Button အတွက် onClick သတ်မှတ်ရန်

** အဲ့ဒီ method ဖန်တီးရန်

** အလုပ် လုပ်မလုပ် စမ်းသပ်ဖို့ Toast ထောက်ကြည့်နိုင်ရန် Toast တစ်ခု ရေးပေးထားရန်

** မိမိ ရေးသည့် method ဘာအတွက်ဆိုတာကို comment သုံးရေးရန်

ရေးပြီးပါက မိမိရေးလိုက်တဲ့ method များ အလုပ်လုပ်နေရပါမယ်။ app ကို build လုပ်ပြီး စမ်းသပ်ပါ။ error မရှိရပါ။ Force closed မဖြစ်ရပါ။
-----------------------------------------

အပိုင်း ( 4 ) မျှော် .... :)

ကိုမျိုး

AIDE Android Lessons And Project Group

မှကူးယူတင်ထားပါသည်


#mkk_ListView


Comments