ListView Project (1)
ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 1 )
***********************
ကျနော် ဒီ project post ကို ရေးရခြင်းရဲ့ ရည်ရွယ်ချက်လေး ရှိပါတယ်။ project လေးကတော့ ListView project လေးပါပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်း ရေးရင်း ရှင်းရင်း code သွားမှာမို့ အပိုင်းတွေ များပါမယ်။
လိုချင်သူ Beginner တွေကို တစ်ဆင့်ခြင်း မမှားအောင် လိုက် code ဖို့ တိုက်တွန်းပါတယ်။
ဟုတ်ကဲ့ပါ။ project က ListView လေးပါ။ မခက်ပါဘူး။ ဒါပေမယ့် အပျော်သဘော ဖြစ်အောင် ဒီ Group ထဲက member တွေကို နာမည်နဲ့ ဖုန်းနံပါတ်တွေကို မှတ်သား သိမ်းထားနိုင်ရမယ်။ ပြီးတော့ member တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှု Level အလိုက် ခွဲပြီးပြနိုင်တဲ့ listview မျိုး ရေးချင်ပါတယ်။ အဲ ... ပြီးတော့ List မှာ ရှိပြီးသားသူ တစ်ယောက်ကို ပြန်ဖျက် နိုင်ရပါမယ်။ member အသစ်တစ်ယောက် ထပ်ထည့်ချင်တယ် ဆိုရင်လည်း ထပ်ထည့်နိုင်ရပါမယ်။
ကဲ စ code ပါမယ်။
AIDE မှာ လုပ်နေကျ project အသစ် စ လုပ်လိုက်ပါ။
ပြီး project က ပေးထားတဲ့ layout ထဲက main.xml ဖိုင်ကို သွားပါမယ်။ အခု project မှာ တော်တော်များ RelativeLayout ကိုပဲ သုံးသွားမှာပါ။
ဒါကြောင့် main.xml ကို AIDE က Designer ကနေ ဖွင့်ပြီး Layout ကို ထောက်လိုက်ပါ။ ပေါ်လာတဲ့ Command window ထဲက "Source code" ဆိုတာကို နှိပ်လိုက်ပါမယ်။ ဒါဆို main.xml ထဲက xml tag တွေဆီ ရောက်သွားပါမယ်။ အဲ့ဒီမှာ <LinearLayout> ဆိုတဲ့ tag နှစ်ခုကို <RelativeLayout> အဖြစ် ပြောင်းယူလိုက်ပါ။
ပြီးရင် Designer ဆီကနေပဲ ပြန်ကြည့်ပြီး layout ပေါ်ကို ထောက်ပြီး Gravity မှာ center လို့ ဖြစ်နေတာကို အမှန်ခြစ် ဖြုတ်ထားပေးပါ။
အပိုင်း ( 2 ) မျှော် .... :)
ကိုမျိုး
AIDE Android Lessons And Project Group
မှ ကူးယူတင်ထားပါသည်
#mkk_ListView
Comments
Post a Comment
Thank,s for ...