ListView Project (10) The End
ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 10 )
***********************
အရင်အပိုင်းက Level ကို စစ်တဲ့အပိုင်း အခက်အခဲ မရှိဘူးလို့ ယူဆပါတယ်။
ကဲ ဒီ project ရဲ့ နောက်ဆုံးအပိုင်းအဖြစ် ကျနော်တို့ရဲ့ List စာရင်းကို save သိမ်းနိုင် ပြန်ခေါ်ယူနိုင်တဲ့ အပိုင်းကို code သွားကြရအောင်။
မ code ခင် ကျနော်တို့ရဲ့ List စာရင်းကို အခု ကျနော်တို့ရဲ့ code flow အရ ဘယ်နေရာတွေမှာ save လုပ်ရင်ပြီး ဘယ်နေရာတွေ ပြန်ခေါ်သုံးမလဲ ဆိုတဲ့ point နေရာတွေကို ရှာကြရအောင်။
အခု app မှာ အဖွင့် စာမျက်နှာ page မှာ ကျနော်တို့ List စာရင်းကို မြင်တွေ့အောင် ရေးထားတာဆိုတော့ app စ စ ဖွင့်ခြင်းမှာ save လုပ်ထားမယ့် ကျနော်တို့ List စာရင်းကို ယူပြနိုင်ရမယ်ပေါ့။ ဒါဆို app စ စ ဖွင့်ခြင်း အသက်ဝင်တာက MainActivity class ရဲ့ onCreate() method ဆိုတော့ ဒီ method အတွင်းမှာ save ထားမယ့် List စာရင်းကို ပြန်ခေါ်လိုက်ရင် အဆင်ပြေပြီ။ ဒါ ပြန်ခေါ်တဲ့ အပိုင်း။
ဒါဆို save လုပ် သိမ်းမယ့် point တွေကရော? အခု project မှာ List စာရင်းကို အပြောင်းအလဲ ဖြစ်စေတဲ့ နေရာတွေမှာ ကျနော်တို့ List ကို save မယ်လို့ စိတ်ကူးမိပါတယ်။ အဲ့ဒီလို List စာရင်းအပြောင်းအလဲ ဖြစ်စေတဲ့နေရာ နှစ်နေရာ ရှိပါတယ်။
ပထမ point က New Member အသစ်ထည့်တဲ့ နေရာပါ။ Member အသစ်တစ်ယောက်ထည့်တိုင်း List က နဂို List မဟုတ်တော့ပဲ data အသစ်တိုးလာတဲ့ List စာရင်းအသစ် ဖြစ်သွားပါပြီ။ ဒီနေရာမှာ List ကို ဖမ်း save သိမ်းပါမယ်။ Member အသစ်ထည့်တာ Dialog Box ရဲ့ Add button onClick() က လုပ်ပေးတာမို့ save ပေးမယ့် code ကိုလည်း အဲ့နေရာက ရေးရပါမယ်။ တစ်နေရာ ရပါပြီ။
ဒုတိယနေရာကတော့ List ပေါ်က x ဆိုတဲ့ Delete လုပ်ပြီး List စာရင်းထဲက member ကို ဖျက်တဲ့အချိန်မှာ မူလ List မဟုတ်တော့ပဲ data အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် အဲ့ဒီနေရာက တစ်ခါ save လုပ်ပေးလိုက်ပါတယ်။ ဒီ "x" Delete Button ဟာ FighterAdapter class အတွင်းက onClick() ချိတ်ထားတာ ဖြစ်တဲ့အတွက် အဲ့ဒီ onClick() method အတွင်းကနေ code ပြီး save ပေးရမှာ ဖြစ်ပါတယ်။
နေရာတွေလည်း သိပြီမို့ save မယ့်အပိုင်း စ code လိုက်ကြရအောင်။ ဒီနေရာမှာ ကျနော်တို့ သိမ်းချင်တဲ့ data တော်တော်များများကို သုံးနေကျ Sharedpreferences သုံးပြီး save တတ်ကြပေမယ့် ကျနော်ကတော့ အခုလို project မျိုးမှာ အသင့်တော်ဆုံးဖြစ်တဲ့ file read/write သုံးပြီး object serialization အကြောင်းကို Beginner တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဟာ file read/write ဆိုတော့ တို့တော့ byte တွေ bit တွေ သိပ်နားမလည်ဘူးဆိုပြီး စိတ်ပျက်မသွားပါနဲ့ဦး။ ဘာ byte/bit မှ သုံးစရာမလိုပဲ input/output လမ်းကြောင်းမှန်မှန်ရွေးပြီး သူတို့ရဲ့ read/write လုပ်တဲ့ method တစ်ခုနှစ်ခုလောက် ယူသုံးပေးလိုက်ရုံနဲ့ OK ပါတယ်။ အရေးကြီးတာက code flow/code logic ကို မျက်ခြေမပြတ်ဖို့နဲ့ try/catch block လေးတွေပါနေလို့ မျက်လုံးရှင်ရှင်ပဲ ထားပေးဖို့ လိုတာပါ။ ကဲ Ready ဆို စပါမယ်။
data ကို file read/write နဲ့ save/ထုတ် သုံးမှာဆိုတော့ ကျနော်က data ကို file ဆီ write(ရေး) save ပေးမယ့် method နဲ့ file ဆီက read လုပ် ပြန်ယူမယ့် method လေး နှစ်ခုကို MainActivity class ထဲ ဖန်တီးရေးသုံးသွာပါမယ်။
ဒါကြောင့် အရင်ဆုံး write လုပ် save ပေးမယ့် method ကို writeMyListToFile
ဆိုပြီး နာမည် ပေးလိုက်ကြရအောင်
public void writeMyListToFile() {
}
အခု method ဟာ ကျနော်တို့ AIDEFighter object တွေပါတဲ့ ArrayList<> တစ်ခုကို ယူပြီး file တစ်ခုဆီကို write လုပ်ပေးရမှာဖြစ်လို့ အဝင် input အဖြစ် ArrayList တစ်ခု တောင်းပေးလိုက်ကြရအောင်ပါ။
public void writeMyListToFile(ArrayList<AIDEFighter> myList) {
}
method အတွင်း code ပါမယ်။
File တစ်ခုဆီကို လှမ်းရေးဖို့ FileOutputStream တစ်ခုလိုပါမယ်။ ဒါကို android ကပေးထားတဲ့ method တစ်ခုဖြစ်တဲ့ openFileOutput() method ထဲကို ကိုယ်လှမ်းရေးချင်တဲ့ file နာမည်နဲ့ ရေးမယ့် Mode ထည့်ပြီး အခုလို ယူလို့ရပါတယ်။
FileOutputStream fos = openFileOutput("mylist.data",0);
ဒီနေရာမှာ ဖိုင် read/write လုပ်တာကို android က ခွင့်ပြုပေးထားတဲ့ app တစ်ခုရဲ့ ကိုင်ပိုင် directory/folder အောက်မှာပဲ လုပ်မှာမို့ SD card read/write permission လိုမှာ မဟုတ်ပါဘူး။ နောက်က 0 ကတော့ private ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ရလာမယ့် FileOutputStream ကို Object တွေကို တိုက်ရိုက်ရေးပေးနိုင်တဲ့ ObjectOutputStream အဖြစ် wrap လုပ် ပြောင်းပစ်ပါမယ်။
ObjectOutputStream oos = new ObjectOutputStream(fos);
OOS ဖြစ်သွားပြီဆိုရင် သူ့မှာရှိတဲ့ writeObject() method ထဲကို ကျနော်တို့ရဲ့ List စာရင်းကို ထည့်ပေးလိုက်ပြီး write ရေးခိုင်းလိုက်ရုံပါပဲ။
oos.writeObject(myList);
ပြီးရင် ဒီ Stream ကို ပိတ်ပစ်ပါမယ်။
oos.close();
ဒါဆို ကျနော်တို့ write လုပ်ပေးမယ့် method ပြီးသွားပြီ ဖြစ်ပါတယ်။
public void writeMyListToFile(ArrayList<AIDEFighter> myList) {
FileOutputStream fos = openFileOutput("mylist.data",0);
ObjectOutputStream oos = new ObjectOutputStream(fos);
oos.writeObject(myList);
oos.close();
}
အဲ ဒါပေမယ့် ဒီလို Input/output stream တွေကို code တဲ့ ရေးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ Exception (ပြဿနာ/error) လေးတွေ ရှိနေပါမယ်။ ဆိုပါစို့ရယ် ကျနော်တို့က အခု method ထဲမှာ ကျနော်တို့ List စာရင်း data ကို သိမ်းဖို့ mylist.data ဆိုတဲ့ ဖိုင်လေးတစ်ခုကို FileoutputStream နဲ့ လှမ်းထောက် ဖွင့်လိုက်တယ်။ ဒါပေမယ့် အဲ့ဖိုင်လေးက ရှိမနေရင်ပဲဖြစ်ဖြစ် FileNotFound ဖိုင်မရှိပါဆိုတဲ့ error /Exception ဖြစ်လာမှာပါ။ ဒီလို ဖြစ်ပေါ်လာတဲ့ Exception တွေ ရှိနေတယ်ဆိုရင် Java က ဒီအတိုင်း မရေးခိုင်းပါဘူး။ try/catch block နဲ့ ရေးမှာလား ? ဒီ Exception ကို အခုရေးနေတဲ့ method ကနေ throws Exception (Exception အဖြစ်ခံပြီး app ကို crash အဖြစ်ခံမှာလား မေးပါတယ်။ ကျနော်တို့က အခု ဒီ method ကနေ Exception ဖြစ်ခဲ့ရင် အဖြစ်ခံပါမယ် (throws Exceptions) ။ try/catch တွေနဲ့ ဒီ method ထဲမှာ ဖမ်းနေရင် Input/output Steam method တွေ (ဥပမာ openFileOutput(), writeObject() ) ခေါ်သုံးတိုင်း method တစ်ခုကို try/catch block တစ်ခုနဲ့ လိုက်ရေးပေးနေရလို့ try/catch block တွေနဲ့ ရှုပ်ယှက်ခက်နေပါမယ်။
ဒီဖြစ်လာမယ့် Exception ကို app crash မဖြစ်အောင် ဒီ method ကို ခေါ်ယူသုံးတဲ့နေရာကနေ အဲ့ Exception ကို try/catch block တစ်ခုတည်းနဲ့ အဆင့်ဆင့် စု catch လုပ်ပြန်ဖမ်းပါမယ်။ Exception အဖြစ်ခံမှာဆိုတော့ အခု ကျနော်တို့ ရေးလိုက်တဲ့ method မှာ ဖြစ်ပေါ်လာနိုင်တဲ့ Exception တွေအတွက် throws clause ထည့်ပေးရမှာပါ။ throws clause ထည့်ချင်ရင် သူပြထားတဲ့ error ပေါ်ထောက်ပြီး အပေါ်ဘားတန်းက အမှန်ခြစ်ကနေ adds to throws clause သုံးပြီး တစ်ခုချင်း ထည့်သွားရုံပါ။
public void writeMyListToFile(ArrayList<AIDEFighter> myList) throws FileNotFoundException, IOException {
FileOutputStream fos = openFileOutput("mylist.data",0);
ObjectOutputStream oos = new ObjectOutputStream(fos);
oos.writeObject(myList);
oos.close();
}
ဒီ အခု method က save တဲ့ အပိုင်းဆိုတော့ အပေါ်က ပြောခဲ့တဲ့ save ရမယ့် point နှစ်နေရာမှာ save ချင်တဲ့ List ကို ထည့်ပေးပြီး၊ Exception ဖမ်းဖို့ရော try/catch block နဲ့ method call လုပ်ပေးရမှာပါ။ ဆိုတော့ FighterAdapter class က delete button onClick() method အတွင်းကနေဆို အရင်ကလို MainActivity class က method ကို လှမ်းယူသုံးတာဖြစ်တဲ့အတွက် Casting လုပ် method call လုပ်ပေးရပါမယ်။
try
{
((MainActivity)mContext).writeMyListToFile(mFighterList);
}
catch (IOException e)
{}
Dialog Box ရဲ့ Add Button onClick() အတွင်းကနေဆို
try
{
((MainActivity)getActivity()).writeMyListToFile(mFighterList);
}
catch (IOException e)
{}
ဆိုပြီး method call လုပ်ပေးလိုက်ရုံပါပဲ။ ဒီလို အပြင် Class ကနေ ယူသုံးနိုင်အောင်လို့ MainActivity class က အခု ကျနော်တို့ရေးခဲ့တဲ့ writeMyListToFile(...) method ကို public modifier နဲ့ public scope နဲ့ ရေးပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါ save ပေးမယ့် အပိုင်း ပြီးသွားပါပြီ။ နောက်တစ်ခုက ပြန်ယူမယ့်အပိုင်းအတွက် method တစ်ခု ရေးရအောင်ပါ။ ပေးလိုက်ပါ နာမည်ကို readMyListFromFile() ။ MainActivity class ရဲ့ ပြန်ယူရမယ့် point ဖြစ်တဲ့ onCteate(...) ကနေသုံးရမှာ ဒီ class အတွင်းမှာပဲ သုံးမှာမို့ private scope နဲ့ ရေးတယ်ပေါ့။
private void readMyListFromFile() {
}
ဒီ method ကနေ save သိမ်းထားတဲ့ List data ကို ပြန်ယူမှာဆိုတော့ ဒီ data ကို ပြန်ထုတ်ပေးဖို့ return type နဲ့ ရေးရအောင်ပါ။ void မဟုတ်တော့ဘူးပေါ့။ ထုတ်ပေးမယ့် data က ဘာအမျိုးအစား (type) ပါလဲ? သိမ်းတုန်းက data type ဖြစ်တဲ့ ArrayList<> ဖြစ်ပါမယ်။ အဲ့ ArrayList က ဘာ object တွေပါနေမှာလဲ။ AIDEFighter object လေးတွေ ပါနေမယ်ဆိုတာ ကျနော်တို့ အသေအချာ သိပေမယ့် ရေးတတ်သွားအောင် ဘာ object ပါမယ်မှန်းမသိဘူးလို့ သဘောထားပြီး object type နေရာမှာ မသိ/မပြောတတ်လို့ပဲ အခုလို ရေးလိုက်ပါ။ ArrayList<?> ။ ဒါ အခု method ရဲ့ return type ပါ။ ဒါကြောင့် return type ထည့်ပြီး ရေးလိုက်ပါ။
private ArrayList<?> readMyListFromFile() {
}
ပြီးတာနဲ့ method အတွင်းမှာ
ပြန်ထုတ်မယ့် data အတွက် variable တစ်ခု သတ်မှတ် ကြေငြာလိုက်ပါ။
ArrayList<?> myList = null;
ဆက်ပြီး စောစောက save တုန်းကနဲ့ ပြောင်းပြန်ဖြစ်တဲ့
save လုပ်ထားတဲ့ file ဆီကို InputStream နဲ့ ထောက်ဖွင့်ပါမယ်။
FileInputStream fis = openFileInput("mylist.data");
ပြီးရင် အဲ့ Stream ကို Object တွေကို read လုပ်ပေးဖို့ သီးသန့်ပေးထားတဲ့ ObjectInputStream နဲ့ wrap လုပ် ပါမယ်။
ObjectInputStream ois = new ObjectInputStream(fis);
ပြီးရင် ဒီ Stream ရဲ့ readObject() method နဲ့ ဖတ်ပြီး ရလာတဲ့ data ကို အပေါ်က ArrayList<> myList ရဲ့ data အဖြစ် သတ်မှတ်ပေးပါမယ်။
myList = (ArrayList<?>) ois.readObject();
ပြီးရင် ဒီ Stream ကို ပိတ်ပစ်တယ်ပေါ့။
oos.close();
ပြီးရင် data ရှိနေပြီဖြစ်တဲ့ myList ကို return ကနေ ပြန်ထုတ်ပေးလိုက်ပါမယ်။
return myList;
ဒါဆို ဒီ method အပိုင်း code ပြည့်စုံပါပြီ။ အပေါ်တုန်းကလို throws clause တွေ ထည့်ပြီး ရေးပေးလိုက်တော့ -
private ArrayList<?> readMyListFromFile() throws FileNotFoundException, IOException, ClassNotFoundException {
ArrayList<?> myList = null;
FileInputStream fis = openFileInput("mylist.data");
ObjectInputStream ois = new ObjectInputStream(fis);
myList = (ArrayList<?>) ois.readObject();
ois.close();
return myList;
}
ကဲ ဒီ method ကို ကျနော်တို့ code logic အရ data ပြန်ယူမယ့် point ဖြစ်တဲ့ onCreate() ထဲကနေ ခေါ်သုံးရမယ်ဆိုတော့ အရင် mList နဲ့ ပက်သက်တဲ့ initialization လုပ်ထားတာကို ပြန်သုံးသပ်ပြင်ရေးပေးရပါမယ်။
အရင်ဆုံး ဒီ List အတွက် save လုပ်ထားတဲ့ file ရှိနေမလားဆိုပြီး အခု ရေးခဲ့တဲ့ method နဲ့ mList data ကို (Exception ဖမ်းဖို့ try/catch နဲ့ ) ဖိုင်ဖွင့် ယူကြည့်ပါမယ်။
try
{
mList = (ArrayList<AIDEFighter>) readMyListFromFile();
}
catch (IOException e)
{}
catch (ClassNotFoundException e)
{}
ဒီ ဖိုင် ရှိမနေရင်လည်း Exception ဖမ်းထားတဲ့အတွက် app crash ဖြစ်မသွားပါ။ အဲ ဒါပေမယ့် ကျနော်တို့ mList ကတော့ ဘာ data မှ ပါမလာတဲ့အတွက် null ဖြစ်နေပါမယ်။ အခြား method တွေမှာ ဒီ mList ကို ယူသုံးရမှာ ဖြစ်တဲ့အတွက် ဒီ mList က null ဖြစ်နေလို့မရပါ။
ဒါကြောင့် mList ကို null ပြန်စစ်ပြီး "new" operator နဲ့ အသက်သွင်း initialize လုပ်ပေးထားရပါမယ်။ (app ကို ပထမဆုံး စသုံးမယ့် အချိန် save ထားတဲ့ file မရှိတဲ့အတွက် သေချာပေါက် mList က null ဖြစ်နေပါမယ်။
if(mList == null) {
mList = new ArrayList<AIDEFighter>();
}
ပြီးမှ ဒီ mList ကို (list item တွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အသက်သွင်းပြီးသားမို့ ) ListView ပေါ်တင်ပြဖို့ ကျနော်တို့ ရေးခဲ့တဲ့ method ကို ခေါ်ပြီး ListView မှာ တင်ပြပေးလိုက်ရင် ရပါပြီ။
showMyList();
ဒီ code အားလုံးက အပေါ်ကနေ အောက်ကို အစဉ်လိုက် run အလုပ်လုပ် သွားတာမို့ ရေးရမယ့် code flow အပေါ်အောက် တစ်ခုခု လွဲသွားတာနဲ့ app crash ဖြစ်နိုင်ပါတယ်။
ကဲ ဒါဆို data ပြန်ယူတဲ့ အပိုင်းလည်း ပြီးသွားပြီ ဖြစ်ပါတယ်။
အဲ .... ဒါ ပေ မယ့်...
အခု ရေးခဲ့တဲ့ method နှစ်ခုစလုံး တကယ်အလုပ်လုပ်ဖို့ဆိုရင် ကျနော်တို့ကိုယ်တိုင် ဒီဇိုင်းဆွဲ ရေးခဲ့တဲ့ AIDEFighter (object) class က ဒီလို ObjectInput/output Stream နဲ့ read/write လုပ်ရင် လုပ်ခွင့်ပြုတယ်ဆိုတဲ့ Serializable ဆိုတဲ့ marker interface နဲ့ ချိတ်ဆက် ပေးရပါမယ်။ အခြားမဟုတ်ပါဘူး "implements" ဆိုတဲ့ keyword ကို အသုံးပြုပြီး class ထိပ်မှာ အခုလို ရေးပေးလိုက်ရုံပါ။
public class AIDEFighter implements Serializable {
…
…
…
}
ကဲ Simple ListView project လည်း အဆုံးသတ်သွားပါပြီ။ ဒီအပိုင်းကို ပိုင်နိုင်အောင် code ပြီး app ကို build လုပ်ပြီး List စာရင်း data save မ save စမ်းသပ်ကြည့်လိုက်ပါဦး။
အောင်မြင်ပြီဆို Layout ဒီဇိုင်းတွေကိုလည်း ရွိုင်းပြီး ကလိကြဖို့ -
ဒီ project ကနေ ရတဲ့ code flow ကနေ မိမိမှာ ဖွင့်ထားတဲ့ သင်တန်းတွေရှိရင် AIDEFighter လို ကိုယ်ပိုင် object class တွေ ဖန်တီးပြီ နောက်ထပ်လိုအပ်မယ့် instance field တွေ (လခ/နောက်ဆုံးသွင်းရက်) သင်တန်းကြေး total / လက်ကျန် ... စသည်) method တွေ ဖန်တီးပြီး List အပိုင်းတွေပါတဲ့ app တွေ အများကြီး ရေးနိုင်ပါစေလို့ ဆန္ဒပြုရင်း ....
-----------------------------------------
ကိုမျိုး
AIDE Android Lessons And Project Group
မှ ကူးယူတင်ထားပါသည်
#mkk_ListView
Comments
Post a Comment
Thank,s for ...