ListView Project (4)
ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 4 )
***********************
အပိုင်း ( 3 ) က ကိုယ်တိုင်ရေးနိုင်ရန် ချန်ထားပေးခဲ့တဲ့ အပိုင်းလေးကို ကျွမ်းကျွမ်းကျင်ကျင်ရေးထားပြီး ပြီးခဲ့သမျှအပိုင်းတွေ ပိုင်ပိုင်နိုင်နိုင် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဆက် code ကြရအောင်ပါ။
ဆက်မ code ခင် ကိုယ်ရေးနေတဲ့ App မှာ ဘာနှိပ်ရင် ဘာဖြစ်ရမယ် ဆိုတဲ့ App/code logic ကို ရှင်းရှင်းလင်းလင်း သိနေရပါမယ်။ ရှိထားရပါမယ်။ ပြီးရင် အဲ့ဒီအတိုင်း error ကင်းကင်းနဲ့ ဖြစ်အောင် code ရတာပါ။
အခု App project က ဒီလိုပါ။
အခု App ထဲမှာ List စာရင်းတစ်ခု ရှိနေပါမယ်။
ဒီ စာရင်းထဲကို အခုဒီ AIDE Group ထဲက (ကိုယ်ထည့်ထားချင်တဲ့) လူတစ်ယောက်ချင်းစီရဲ့ အမည်၊ ဖုန်းနံပါတ်(တောင်းပြီး :) ) ၊ ကိုယ်က သူတို့ကို သတ်မှတ်ထားတဲ့ Level ဒီ သုံးခု data အချက်အလက်တွေကို သွင်းယူ သိမ်းထားနိုင်ရပါမယ်။
ဒီ စာရင်းက ဘာ data မှ မရှိသေးလို့ အစမှာ ဗလာဖြစ်နေပါမယ်။
ပြီး အပေါင်း Button လေးကို နှိပ်လိုက်ပါက member တစ်ယောက်ကို စာရင်းသွင်း record လုပ်နိုင်ဖို့ Box တစ်ခု ပေါ်လာပြီး အမည်၊ ဖုန်းနံပါတ် ၊ Level ရိုက်သွင်းပြီး List စာရင်းမှာ ဖော်ပြရမှာပါ။
အခု အပေါင်း Button ကို နှိပ်လိုက်ရင် Box တစ်ခု ပေါ်လာအောင် code ပါမယ်။ Custom dialog ကို သုံးပါမယ်။
Beginner တွေလည်း လိုက်ရေးနိုင်အောင် code နေတာမို့ တစ်ချို့နေရာတွေ သိပြီးသားသူတွေအတွက် အပိုလို ဖြစ်နေပါမယ်။ ဆိုက္ကားနင်းသွားပါ။ :)
dialog ဆိုတာ သိမှာပါ ... ဖုန်းရဲ့ မျက်နှာပြင်အပြည့် မပေါ်ပဲ အလယ်ခေါင်မှာ Box အကွက်လေးပေါ်တာကို ပြောတာပါ။ အလွယ် dialog လို့ပဲ ခေါ်ပါတယ်။ code နဲ့ဆို DialogFragment လို့ ခေါ်ပါတယ်။ Alert Dialog ဆို တော်တောများများ ရေးဖူးကြပါတယ်။
အခု app မှာ အဲ့ဒီလို dialog မျိုး ရေးပါမယ်။ ဒါပေမယ့် ကိုယ်စိတ်ကြိုက် TextView တွေ Button တွေထည့်ထားတဲ့ layout ကို ယူသုံးနိုင်အောင် ရေးမှာမို့ customized (ကိုယ်စိတ်ကြိုက် လုပ်ထားတဲ့ ) dialog = Custom dialog လို့ နားလည်ရပါတယ်။
ကိုယ်စိတ်ကြိုက် Layout xml နဲ့ ရေးမှာမို့ xml ဖိုင်တစ်ခု ရေးဖို့လိုပါတယ်။ ရေးရအောင်ပါ။ new_member_dialog.xml ဆိုတဲ့ နာမည်နဲ့ xml ဖိုင်တစ်ခု Layout folder ထဲမှာ အသစ်ခေါ်ဖွင့်ပါ။
EditText သုံးခု ၊ Button နှစ်ခု ပါအောင် စိတ်ကြိုက်ရေးထားပါ။ ကျနော့် layout အကြမ်းကို ဒီ post အောက်ဆုံးမှာ ပေးထားပါမယ်။ ပုံထဲက ပုံစံကိုလည်း ကြည့်ရေးနိုင်ပါတယ်။
ဟုတ်ပါပြီ။ layout အတွက် ရေးပြီးပါပြီ။ ဒါဆို ကျနော်တို့က Custom dialog တစ်ခု ဖြစ်အောင် လုပ်ဖို့ class တစ်ခု ရေးရပါမယ်။ MainActivity.java ဖိုင် ရှိတဲ့နေရာကနေ Add New Class ကနေတစ်ဆင့် MySpecialDialog ဆိုတဲ့ နာမည်နဲ့ class ဖိုင်အသစ် ဖွင့်လိုက်ပါ။
ဒါဆို class တစ်ခုရဲ့ Template တည်ဆောက်ပုံ အကြမ်း auto ပေးထားတာကို အခုလို တွေ့ရပါမယ်။
public class MySpecialDialog
{
}
အပေါ်မှာ ပြောခဲ့ပါတယ်။ Dialog ကို code အရ DialogFragment လို့ ခေါ်တယ်ဆိုတာကို။ အခု ကျနော်တို့ ရေးနေတာဟာလည်း Dialog တစ်ခုအတွက်ပဲဆိုတော့ ကျနော်တို့ class ကို Dialog Object တစ်ခုဖြစ်အောင် DialogFragment ကို extends ဆိုတဲ့ keyword နဲ့ ဆင့်ကူး extends လုပ်ယူရပါမယ်။ extends လုပ်လိုက်ပါ။
public class MySpecialDialog extends DialogFragment
{
}
အနီလိုင်း error တွေ ပေါ်လာခဲ့ရင် fix imports လုပ်ဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်လိုက်တဲ့အတွက် အခု ကျနော်တို့ MySpecialDialog ဟာ an instance of DialogFragment ( DialogFragment တစ်ခု ဖြစ်သွားပါပြီ။) ဆိုလိုတာက ကျနော်တို့ class က သူ့အထက်က DialogFragment class ကို extends ဆင့်ကူးထားတာမို့ သူ့ မိခင် DialogFragment class ထဲက method တွေကို ယူသုံးနိုင်ပါပြီ။ ဆိုတော့ extends လုပ်တဲ့ မူရင်း class ကို super class လို့ခေါ်ပြီး extends လုပ်ယူထားတဲ့ class ကို sub class လို့ java မှာ ခေါ်ပါတယ်။ ဒါဆို မူရင်းမိခင် class ဖြစ်တဲ့ DialogFragment က super class ဖြစ်ပြီး၊ ကျနော်တို့ MySpecialDialog class က sub class ဖြစ်ပါမယ်။
Java မှာ class တစ်ခု ရေးရင် class constructor ဆိုတာ ရှိပါတယ်။ တစ်ခြားမဟုတ်ပါဘူး method တစ်ခုပါပဲ။ class method ဆိုရင်လည်း မှန်ပါတယ်။ အဲ့ဒီ method နာမည်က Class နာမည်နဲ့ နာမည်တူပါတယ်။
ဒါဆို အရင်အပိုင်းက method တစ်ခု ရေးနည်းအတိုင်း ရေးရင်း အခုလို ရလာပါမယ်။
public void MySpecialDialog() {
}
ဒီနေရာမှ မှတ်သားစရာ တစ်ခုတိုးလာပါပြီ။ method နဲ့ class constructor ဘာကွာပါသလဲ? ဆိုတာပါ။ ok ပါ constructor တစ်ခုမှာ return type မပါပါဘူး။ ဒါ method နဲ့ class constructor ရဲ့ အဓိက ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်က ရေးထားတဲ့ class method မှာ return type ဖြစ်တဲ့ void ဆိုတာကို ဖြုတ်ပစ်ရပါမယ်။ ဒါဆို ဒီလို ရလာပါမယ်။
public MySpecialDialog() {
}
Java မှာ public ဆိုတဲ့ modifier ကို ထည့်မရေးလည်း ရပါတယ်။ ဘာမှ ရေးမထားရင် public modifier ဆိုတာ နားလည်နေရပါမယ်။ ဒါဆို ဖြုတ်လိုက်ရင် အခုလို ရလာပါမယ်။
MySpecialDialog() {
}
ကျနော်တို့က အခု MySpecialDialog ကို လှမ်းခေါ်ဖွင့်ချင်တဲ့ အခါ အခု ရေးခဲ့တဲ့ constructor ကို လှမ်းခေါ်ဖွင့်မှာပါ။
myDialog = new MySpecialDialog();
နောက်ထပ်မှတ်သားစရာ တိုးလာပြန်ပါပြီ။ ဒီလို class constructor တွေကို Java မှာ ထည့်ရေးရင်လည်း ရတယ်။ မရေးလည်း ရတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ချို့ developer တွေ ရေးထားတဲ့ class ဖိုင်တွေမှာ အခုလို constructor ပါ ထည့်ရေးထားတဲ့ သူတွေ ရှိသလို ထည့်မရေးထားတဲ့သူတွေလည်း တွေ့နိုင်တာ ဖြစ်ပါတယ်။ ထည့်မရေးထားတဲ့ class တွေမှာ Runtime မှာ စက်က auto ထည့်ပေးသွားပါတယ်။ ဒါကြောင့် မရေးလည်းရတယ်။ ရေးလည်း ရတယ် ဖြစ်တာပါ။
ဒါပေမယ့် အခု ကျနော်တို့ ရေးနေတဲ့ class မှာတော့ မဖြစ်မနေ ထည့်ပေးရပါမယ်။ နောက်အပိုင်းတွေမှာ ဒီ constructor အဝင် point ကနေ လိုအပ်တဲ့ data တွေကို input အဖြစ်တောင်းယူ pass လုပ်ပြီး class ထဲ သုံးသွားချင်လို့ပါ။ ဒါကြောင့် အခု constructor ပိုင်းကို ထည့်ရေးပေးတာ ဖြစ်ပါတယ်။ ဒါဆို constructor ပါ ပါတဲ့ ကျနော်တို့ class လေး အခုလို ရလာပါမယ်။
public class MySpecialDialog extends DialogFragment
{
MySpecialDialog() {
}
}
အခု class ဟာ DialogFragment instance (အမျိုးအစား) ဆိုတာ မမေ့ပါနဲ့ဦး။
Dialog တစ်ခုမှာ Title bar ထည့်မှာလည်း မထည့်ဘူးလား ဆိုတဲ့ style တွေ theme တွေကို Google က ပေးထားပါတယ်။ ဒါကို ကျနော်တို့က ထည့်မထည့် code နဲ့ ရေးပေးလိုက်ရုံပါပဲ။ ဘယ်လို ဘယ်နေရာမှာ ရေးကမှာလဲ ? ဟုတ်ကဲ့ @Override လုပ်ပြီး ရေးရပါမယ်။ ဟမ်! .. @Override က ဘာကြီးတုန်း တို့ လုပ်တတ်ဘူး ဆိုပြီး ကြောက်မသွားပါဦး။ @Override ဆိုတာကို သဘောတရား အကြမ်းနားလည်ထားရင် ရပါပြီ။
@Override ဆိုတာ အခြားမဟုတ်ပါဘူး။ ကိုယ့် class က extends လှမ်းယူထားတဲ့ မိခင် super class က ပေးထားတဲ့ method တွေကို နာမည်တူ method နဲ့ ကိုယ့်စိတ်ကြိုက် ပြန်ပြင်ရေးယူတာပါပဲ။ method နှစ်ခုဟာ နာမည်တူနေတဲ့အတွက် အခုရေးလိုက်တဲ့ ကိုယ့် class ထဲက method ဟာ မိခင် super class ထဲက method ကို run တဲ့အချိန် @Override သတ်မှတ်ထားတဲ့ အခုကျနော်တို့ subclass method ဆီ ရောက်လာတာမို့ အဲ့ဒီအချိန်မှာ လိုအပ်တာတွေ ပြင်ရေးပေးတာပါ။ ထားပါတော့ ဒီအပိုင်းကို ဒီလောက်နဲ့။
အခု ကျနော်တို့ extends လုပ်ထားတဲ့ မိခင် super class မှာ onCreate() ဆိုတဲ့ method တစ်ခု ရှိပါတယ်။ Dialog တစ်ခု စတင်ပွင့်ဖို့ အစပြုတဲ့ method ပါ။ ကျနော်တို့ MainActivity ရဲ့ onCreate( ) လို အဝင် point လို့ အကြမ်းဖျင်း နားလည်ရပါတယ်။
အခု အဲ့ method ကို ကျနော်တို့ MySpecialDialog class ထဲမှာ @Override လှမ်းယူ ရေးပါမယ်။ Dialog ကို style တွေ them တွေကို စိတ်ကြိုက် ထားချင်လို့ပါ။
code တွေ အများကြီး အများကြီး အလွတ်ရေးသွားဖို့ မလိုပါဘူး။ ကျနော်တို့ class ထဲမှာ onCrea ဆိုပြီး ကျနော်တို့ @Override လုပ်မယ့် method နာမည်ကို မပြည့်မစုံလေး ရေးပြီး auto complete box ပေါ်အလာစောင့်ပြီး နှိပ်ပေးလ်ုက်ရုံပါ။ ဒါဆို အခုလို ရလာပါမယ်။
public class MySpecialDialog extends DialogFragment
{
MySpecialDialog() {
}
@Override
public void onCreate(Bundle savedInstanceState)
{
// TODO: Implement this method
super.onCreate(savedInstanceState);
}
}
မိခင် super class က return type void ဖြစ်နေတဲ့ method တစ်ခုကို @Override လုပ်တိုင်း မိခင် class ရဲ့ method ကို ပြန် run ပေးရပါတယ်။ method ကို run စေတာကို method call လုပ်တယ်လို့ သုံးပါတယ်။ ဆိုတော့ မိခင် class ကို super လို့ သုံးတဲ့အတွက် super class ( . ) ဆီက (. က member access operator ပါ) onCreate(...) method ကို call လုပ်ပေးဖို့
super.onCreate(savedInstanceState);
code ကို ကျနော်တို့ အခု @Override လုပ်တဲ့ method မှာ auto ပေးထားခြင်းဖြစ်ပါတယ်။
အခု method အတွင်းမှာပဲ
int style = DialogFragment.STYLE_NO_TITLE, theme = 0;
setStyle(style,theme);
setCancelable(true);
code တွေရေးပြီး ကျနော်တို့လိုချင်တဲ့ Dialog ရဲ့ style နဲ့ theme ကို ပြောင်းယူပါတယ်။ ဒါဆို ဒီလို ရလာပြီ ဖြစ်ပါတယ်။
public class MySpecialDialog extends DialogFragment
{
MySpecialDialog() {
}
@Override
public void onCreate(Bundle savedInstanceState)
{
// TODO: Implement this method
super.onCreate(savedInstanceState);
int style = DialogFragment.STYLE_NO_TITLE, theme = 0;
setStyle(style,theme);
setCancelable(true);
}
}
အခု style နဲ့ theme ကိုပဲ ပြောင်းယူရပါသေးတယ်။ ဒီတစ်ခါ Dialog box အတွက် ကိုယ်သုံးချင်တဲ့ layout View ကို ဆွဲယူသုံးနိုင်အောင် လုပ်ဖို့ မိခင် super class က Dialog box View ကို ဘယ် method က ဖန်တီးပေးတာလဲဆိုတာကို လေ့လာကြည့်တော့ onCreateView(...) method က လုပ်ပေးတယ်ဆိုတာ တွေ့ရပါတယ်။ ကျနော်တို့ သုံးချင်တဲ့ layout ကို ယူသုံးဖို့ဆိုရင် ဒီ method က create လုပ်ပေးတဲ့ View ကို ကျနော်တို့က မှန်မှန်ကန်ကန် ဖန်တီးပေးပြီး အစားထိုး ပေးလိုက်ရင် ရပါပြီ။ မိခင် class ရဲ့ method တစ်ခု အလုပ်လုပ်တာ ပြောင်းလဲပစ်ချင်ရင် @Override လုပ်ပေးရုံပါပဲ။
ဒါကြောင့် စောစောကအတိုင်းပဲ onCreteV... မပြည့်မစုံရေးပြီး auto complete သုံးပြီး ရေးချလိုက်ပါ။ ဒီလိုရလာမှာ ဖြစ်ပါတယ်။
@Override
public View onCreateView(LayoutInflater inflater, ViewGroup container, Bundle savedInstanceState)
{
// TODO: Implement this method
return super.onCreateView(inflater, container, savedInstanceState);
}
စောစောက ပြောခဲ့ပါတယ်။ မိခင် super class မှာ ဒီ method က Dialog အတွက် UI View ကို ဖန်တီးပေးဖို့ တာဝန်ယူထားတဲ့ method ဆိုတာ။ ဒီ method က အဲ့ဒီ View ကို ဖန်တီးထုတ်ပေးရတာပါ။ ဒါကြောင့် ဒီ method က ပြန်ထုတ်ပေးတဲ့ return type ဟာ View ဆိုတာကို public modifier နောက်မှာ တွေ့နိုင်ပါတယ်။ ကျနော်တို့က အခုလို View ကို ကိုယ်စိတ်ကြိုက် ရေးဆွဲထားတဲ့ layout နဲ့ View တစ်ခု ဖန်တီးပြီး အစားထိုး ပြောင်းပေးလိုက်ပြီး return ပြန်ပေးလိုက်ရင် OK ပါပြီ။
ဆိုတော့ Layout View တစ်ခုကို ဆွဲယူဖန်တီးရာမှာ LayoutInflater ကို သုံးရမှာပါ။ ဒါဆို ဒီ LayoutInflater object ဘယ်က ရနိုင်မလဲ? အခု method မှာ အဝင် input ကို လက်ခံတဲ့ ( ) လက်သည်းကွင်းထဲမှာ LayoutInflater inflater ဆိုပြီး LayoutInflator object ကို inflator ဆိုတဲ့ နာမည်နဲ့ ပေးထားတယ်ဆိုတာ တွေ့ရမှာပါ။ သူ့ကို ယူသုံးရုံပါပဲ။
LayoutInflator မှာ inflate(...) ဆိုတဲ့ method ရှိပါတယ်။ သူကနေ run ပြီး View ဖန်တီးထုတ်ပေးတာပါ။
View rootLayout = inflater.inflate(R.layout.new_member_dialog, container, false);
ဒီနေရာမှာ ကျနော်တို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ layout xml ဖိုင်ကို R.layout.xxxxx ကနေ ဆွဲယူအသုံးပြုလိုက်တယ်ဆိုတာ သတိပြုပါ။
ပြီးတော့ inflate() method ထဲက container တို့ false ဆိုတဲ့ boolean တန်ဖိုး အလုပ်လုပ်ပုံကိုတော့ သီးခြားခေါင်းစဉ်တစ်ခုအောက်မှာ ကိုယ်တိုင်လေ့လာသွားဖို့ အကြံပြုပါတယ်။ အခုနေအခါမှာတော့ ဒီလောက်အကြမ်းဖျင်း သိထားရင်ပဲ OK ပါပြီ။
ရလာတဲ့ rootLayout ဆိုတဲ့ View object ကို return ပြန်ထုတ်ပေးလိုက်ရုံပါပဲ။ ဒါဆို အပေါ်က method ကို ပြင်ရေးလိုက်ရင် အခုလို ရလာမှာ ဖြစ်ပါတယ်။
@Override
public View onCreateView(LayoutInflater inflater, ViewGroup container,Bundle savedInstanceState) {
View rootLayout = inflater.inflate(R.layout.new_member_dialog, container, false);
return rootLayout;
}
ဒီအထိ @Override method နှစ်ခုနဲ့ ကိုယ်လိုချင်တဲ့ Custom Dialog ကို အသုံးပြုမယ် ဆိုရင်လည်း ရနေပါပြီ။ ဒါပေမယ့် အခုတိုင်းသုံးရင် ကိုယ်ရေးထားတဲ့ layout မှာ အဝိုင်း drawable တွေနဲ့ နောက်ခံ ပေးထားတာတွေ ပါနေရင် Dialog Box ထည့်ပြတဲ့ window ထဲမှာ ကိုယ့် Layout အဝိုင်း background က လွတ်နေတဲ့ နေရာတွေမှာ မူရင်း window ရဲ့ default ကာလာ (အဖြူ/အမည်း) က ပေါ်နေပါမယ်။ ကြည့်ရ အဆင်မပြေပါ။
ဒါကို ဖျောက်ချင်ရင် ကျနော်တို့က Dialog စပေါ်တဲ့အချိန်မှာ အဲ့ဒီ Dialog ရဲ့ window ကို ဖမ်းယူပြီး background ကို ဖျောက်ပေးလိုက်ရင် ရပါပြီ။
ဒီလိုလုပ်နိုင်ဖို့ မိခင် super class မှာ Dialog စ ပေါ်အောင် တာဝန်ယူရတဲ့ method ရှိလား ဘယ် method လဲဆိုတာကြည့်ရပါတယ်။ ရှိရင် အပေါ်ကအတိုင်း @Override လုပ် ပြောင်းယူပါမယ်။
method တစ်ခုတော့ တွေ့ပါတယ်။ onCreateDialog(...) ဆိုတဲ့ method ပါ။ သူ့က return type အဖြစ် Dialog ပြန်ထုတ်ပေးထားတာ ရှိပါတယ်။ ဒါ ကျနော်တို့ ရှာနေတဲ့ Dialog object များဖြစ်နေမလားပါ ? ဘာပဲဖြစ်ဖြစ် @Override လုပ်ကြည့်ရအောင်ပါ။ စောစေကအတိုင်း onCreateD ဆိုပြီး method နာမည်ကို မပြည့်မစုံလေးရေးပြီး auto complete သုံးရေးချလိုက်ပါ။ ဒီလို ရလာပါမယ်။
@Override
public Dialog onCreateDialog(Bundle savedInstanceState)
{
// TODO: Implement this method
return super.onCreateDialog(savedInstanceState);
}
return type ကို ကြည့်ပါ။ Dialog object အဖြစ် မိခင် class က ရလာမယ့် Dialog ကို ယူပြီး ပြန်ထုတ်ပေးထားပါတယ်။
return super.onCreateDialog(savedInstanceState);
ဒါ Dialog object ဖြစ်မှာပေါ့။ ဖမ်းယူလိုက်ပါ။
Dialog dialog = super.onCreateDialog(savedInstanceState);
Dialog object ကို dialog ဆိုတဲ့ နာမည်လေးနဲ့ ဖမ်းယူလိုက်နိုင်ပါပြီ။ ဒီ object ကနေ dialog window လှမ်းယူရမရ ဖမ်းယူထားတဲ့ dialog object လေးပေါ်ကို method နာမည်တွေနဲ့ ထောက်ပြီး auto complete လုပ် မှန်းယူရပါတယ်။
dialog.setM...
dialog.dis ....
အဆုံးမှာ getWindow() ဆိုတဲ့ window လှမ်းယူနိုင်တဲ့ method တစ်ခုတွေ့ပါတယ်။
သုံးကြည့်လိုက်ပါတယ်။
dialog.getWindow()
ဒါဆို ကျနော်တို့ လက်ထဲမှာ Dialog ရဲ့ window ရောက်နေပြီ ပြောလို့ရပါတယ်။ ဒါနဲ့ အဲ့ window ကို background တစ်ခုခု ပေး ရ မရ setBackgroundResources() ဘာညာနဲ့ background ထည့်ပေးတဲ့ method တွေနဲ့ စောစောကလို method auto complete နဲ့ မှန်းပြီး ယူကြည့်ပါတယ်။
အဲလိုလုပ်ကြည့်လိုက်တော့
setBackgroundDrawable ()
method နဲ့ သုံးလို့ရတာ တွေ့လိုက်ရတော့ နောက်ခံပျောက် TRANPARENT ColorDrawable တစ်ခုကို ဖန်တီးပြီး ထည့်ပေးလိုက်ပါတယ်။
new ColorDrawable(Color.TRANSPARENT)
အဆုံး code ကတော့ dialog object ကို နောက်ခံအပျောက်ထည့်ပြီးသား ရလာတယ်ပေါ့။
dialog.getWindow().setBackgroundDrawable (new ColorDrawable(Color.TRANSPARENT));
ဒီ ပြင်ဆင်ပြီးသား dialog object ကို return ပြန်ထုတ်ပေးလိုက်တာပါပဲ။
return dialog;
ဒါဆို အခုနောက်ဆုံး @Override လုပ်လိုက်တဲ့ method က အခုလို ရလာတယ်ပေါ့။
@Override
public Dialog onCreateDialog(Bundle savedInstanceState) {
Dialog dialog = super.onCreateDialog(savedInstanceState);
dialog.getWindow().setBackgroundDrawable (new ColorDrawable(Color.TRANSPARENT));
return dialog;
}
ဒါဆို မူရင်း Dialog Box ကို Custom Dialog Box အဖြစ် method သုံးခုကို @Override လုပ်လိုက်တာနဲ့ အရန်သင့်သုံးနိုင်တဲ့ class တစ်ခု ရပါပြီ။
အခု Dialog Box ဖွင့်ဖို့ MainActivity class ဆီ သွားပါမယ်။ အရင် အပိုင်းက ရေးခဲ့တဲ့ onClick method တွေအောက်ကို method လေးတစ်ခု ဖန်တီးရေးပေးရအောင်ပါ။
private void showMyDialog() {
}
အခု method ထဲမှာ စောစောက Dialog class ကို လှမ်းယူဖွင့်ဖို့ code နှစ်ကြောင်းပဲ လိုပါတယ်။
ဒီအပိုင်းရဲ့ အစမှာ ပြောခဲ့ပါတယ်။ Dailog ဆိုတာ DialogFragment ကို ခေါ်တာပါလို့ပါ။
ဒါဆို စောစောက ကျနော်တို့ ရေးလိုက်တဲ့ MySpecialDialog class ဟာလဲ DialogFragment ကို ဆင့်ကူး extends လုပ်ထားတဲ့ DialogFragment အမျိုးအစား instance ပါပဲ။
ဒီတော့ Dialog Box ပြချင်ရင် စောစောက ရေးလိုက်တဲ့ class ကို new (operator) နဲ့ instance တစ်ခု ဖန်တီးပေးပြီး ...
DialogFragment mDialog = new MySpecialDialog();
Dialog တစ်ခုကို ပြပေးတဲ့ show(...) method ယူသုံးပြီး ပြပေးလိုက်ရင် ရပါပြီ။
mDialog.show(getFragmentManager(),"Dialog");
ဒါဆို Dialog ဖွင့်ဖို့ method က ဒီလိုရလာပါမယ်။
private void showMyDialog() {
DialogFragment mDialog = new MySpecialDialog();
mDialog.show(getFragmentManager(),"Dialog");
}
နောက်ဆုံးအနေနဲ့ ကျနော်တို့က plus Button အပေါင်းကို နှိပ်ရင် Dialog Box ပွင့်ချင်တာဆိုတော့ အခု method ကို plusButton onClick method ထဲကနေ method call လုပ်ပြီး လှမ်း run အလုပ် လုပ်စေလိုက်ပေါ့။
// Plus Button onClick() method
public void clickPlusButton(View v) {
Toast.makeText(this,"Plus Button Clicked",Toast.LENGTH_SHORT).show();
showMyDialog();
}
ဒါဆို ဒီအပိုင်း ဒီမှာ ပြီးပါပြီ။ App ကို build လုပ် စမ်းသပ်ပါ။ error မရှိရပါ။ force closed မဖြစ်ရပါ။
new_member_dialog.xml
=====================
<?xml version="1.0" encoding="utf-8"?>
<RelativeLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="fill_parent"
android:orientation="vertical"
android:background="#E02D22"
android:padding="15dp">
<TextView
android:layout_height="wrap_content"
android:text="New Member"
android:layout_width="wrap_content"
android:textColor="#FFFFFF"
android:textSize="18sp"
android:id="@+id/dialogTextView1"
android:layout_centerHorizontal="true"/>
<EditText
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"
android:layout_below="@+id/tv"
android:id="@+id/dialogEditText1"
android:textColor="#FFFFFF"/>
<TextView
android:layout_height="wrap_content"
android:text="Phone :"
android:layout_width="wrap_content"
android:layout_below="@id/dialogEditText1"
android:textColor="#FFFFFF"
android:textSize="15sp"
android:id="@+id/dialogTextView2"/>
<EditText
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"
android:layout_below="@id/dialogTextView2"
android:inputType="number"
android:id="@+id/dialogEditText2"
android:textColor="#FEFEFE"/>
<TextView
android:layout_height="wrap_content"
android:text="Level (1/2/3) :"
android:layout_width="wrap_content"
android:layout_below="@id/dialogEditText2"
android:textColor="#FFFFFF"
android:textSize="15sp"
android:id="@+id/dialogTextView3"/>
<EditText
android:layout_height="wrap_content"
android:ems="10"
android:layout_width="wrap_content"
android:layout_below="@id/dialogTextView3"
android:inputType="number"
android:textColor="#FFFFFF"
android:id="@+id/dialogEditText3"/>
<LinearLayout
android:layout_height="wrap_content"
android:layout_width="match_parent"
android:orientation="horizontal"
android:layout_below="@id/dialogEditText3"
android:gravity="center"
android:layout_marginTop="10dp">
<Button
android:layout_height="wrap_content"
style="?android:attr/buttonStyleSmall"
android:text="Cancel"
android:layout_width="wrap_content"
android:layout_marginRight="25dp"
android:textColor="#FFFFFF"
android:minWidth="75dp"
android:maxWidth="75dp"/>
<Button
android:layout_height="wrap_content"
style="?android:attr/buttonStyleSmall"
android:text="Add"
android:layout_width="wrap_content"
android:textColor="#FFFFFF"
android:minWidth="75dp"/>
</LinearLayout>
<TextView
android:layout_height="wrap_content"
android:text="Name :"
android:layout_width="wrap_content"
android:layout_below="@id/dialogTextView1"
android:id="@+id/tv"
android:textColor="#FFFFFF"
android:textSize="15sp"/>
</RelativeLayout>
-----------------------------------------
အပိုင်း ( 5 ) မျှော် .... :)
ကိုမျိုး
AIDE Android Lessons And Project Group
မှကူးယူတင်ထားပါသည်
#mkk_ListView
Comments
Post a Comment
Thank,s for ...