ListView Project (5)
ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 5 )
***********************
အရင်အပိုင်းက Custom Dialog Box ထည့်တာကို အခက်အခဲမရှိဘူးလို့ ယူဆပါတယ်။
အခု project က ListView project ဆိုတော့ အခုအပိုင်းမှာ List အကြောင်း အလှည့်ပေးကြတာပေါ့။ အပိုင်း (5) တောင် ရောက်နေုပြီ List ဇာတ်လမ်းက ခုမှ စ မှာရယ် :)
ဟုတ်ပါပြီ။ List ဆိုတာနဲ့ -
List စာရင်း တစ်ခု ရှိကမယ်
List mList = ...
ListAdapter တစ်ခုခုခေါ်ကမယ်
Adapter mAdapter = ....
ListView မှာ တင်ပြကမယ်
mListView.setAdapter(mAdapter) ...
ဒါ List နဲ့ ပက်သက်နေသူတိုင်း မလွဲမသွေ ရေးရမယ့် code flow ။ တစ်ချို့ ရေးလည်း ရေးဖူးနေကြပြီ။ အခုလည်း ဒီ code flow အတိုင်းပဲ code မှာရယ်။ ဒါပေမယ့် ထုံးစံအတိုင်း နည်းနည်းကွဲမယ်ပေါ့။
ဆိုတော့ နံပါတ်တစ် code flow က List စာရင်းတစ်ခု ရှိကမယ်ဆိုတဲ့အပိုင်းမှာ -
ကိုယ်သုံးမယ့် List က ArrayList လား LinkedList လား List အမျိုးအစား ရွေးချယ်ပေးဖို့ လိုမှာပါ။ ပြီးမှ ကိုယ်ပြမယ့် List က လူနာမည်စာရင်းတို့ စာအုပ်နာမည်စာရင်းတို့ ဆိုရင် String (type)
နဲ့ List ဖန်တီးရတယ်ပေါ့။
List<String> mList = new LinkedList<String>();
mList.add("Zaw Zaw);
mList.add("Kyaw Kyaw");
....
အဲ ခက်တာက အခု ကျနော်တို့ ရေးမယ့် List မှာက လူနာမည်တစ်မျိုးထဲတင် ပါနေတာ မဟုတ်ပြန်ဘူး။ တစ်ဦးချင်းစီရဲ့ ဖုန်းနံပါတ်တွေလည်းပါမယ်။ Level 1,2,3 ခွဲထားတဲ့ အပိုင်းလည်း ပါနေမယ်ဆိုတော့ အခုလို List စာရင်းတစ်ခုထဲ ဘယ်လိုထည့်ရပါ့မလဲဆိုတဲ့ coding logic ပါလာပါပြီ။ ကဲ ဘယ်ကနေ စ စဉ်းစားမလဲ? လုပ်ပါဦး။
အပေါ်က လူနာမည်စာရင်းလုပ်ပြတဲ့ ဥပမာ code လေးရဲ့ declare လုပ် ကြေငြာတဲ့အပိုင်းလေးကို ယူလေ့လာရအောင်။
List<String> mList = new LinkedList<String>();
List နောက်မှာ annotate < > သင်္ကေတနဲ့ သတ်မှတ်ထားတာက <String> တဲ့။ ဟုတ်ပြီ။ လူနာမည်တွေကို ရေးချင် ကျနော်တို့
String name = "Ko Myo";
စသည်ဖြင့် String ဆိုတဲ့ object type နဲ့ ရေးကြရတယ်။ ဒါဆို List<String> ဆိုတာ ဒီ List စာရင်းထဲမှာ ပါနေတာတွေက String ဆိုတဲ့ object type တွေပါလို့ သတ်မှတ်ပေးထားရာ ရောက်နေတယ် ပြောပါတော့။
ဒါဆို String ဆိုတဲ့ type တွေပဲ List လုပ်လို့ရသလား? ကျန်တဲ့ object type တွေကော List လုပ်လို့ မရဘူးလားဆိုပြီး မေးခွန်း ထုတ်ရပါမယ်။ အဖြေက ရပါတယ်တဲ့။
EditText တွေကိုလည်း List လုပ်လို့ရတယ်
List<EditText> mEditTextList;
View တွေကိုလည်း List လုပ်လို့ရတယ်
List<View> mViewList;
ဒါဆိုရင် ထပ်မေးခွန်းထုတ်ပါမယ်။ Java ဟာ OOP - object-oriented programing language ဖြစ်တာကြောင့် app developer တိုင်း အပြင်မှ ရှိနေတဲ့ အရာဝတ္ထုတွေ၊ သူတို့ စိတ်ကူးထဲရှိတဲ့ အရာဝတ္ထုပစ္စည်းတွေကို code နည်းအရ object တွေအဖြစ် ဖန်တီးရေးမယ် ဆိုရင်ကော အဲ့ဒီ object တွေကို List တစ်ခု လုပ်လို့ ရပါသလား? ဆိုတာပါ။ ဥပမာ
List<Car> myCarsList;
List<Dog> myDogsList;
ဟုတ်ကဲ့ ဒီလိုကိုယ်ပိုင် object တွေကိုလည်း List<?> လုပ်လို့ ရပါတယ်လို့ အဖြေထွက်လာပါတယ်။
ဒီ မေးခွန်းတွေက ရလာတဲ့ logic ကနေ ကျနော်တို့ List အတွက် ကိုယ်ပိုင် object တွေကို ဖန်တီးပြီး List ထဲမှာ ပြကြရအောင်ပါ။
ကိုယ်ပိုင် object ဖန်တီးပြီး List လုပ်လို့ရတာတော့ ဟုတ်ပါပြီ။ ဘယ်လို ဖန်တီး ရေးပါမလဲ? အဖြေကတော့ class ပါတဲ့။
Java မှာ class တွေကို object တွေကို ဖန်တီးဖို့ ထွင်ပေးထားခြင်း ဖြစ်တာကြောင့် OOP Language လို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်တဲ့။ ဥပမာ
class Car {
}
class SportCar extends Car {
}
code နည်းအရ Car တစ်စီး ရေးထုတ်ချင်တယ်ဆိုရင် စောစောက Car class ကို ခေါ်သုံး ...
Car myCar = new Car();
စသည်ဖြင့်ပေါ့။
ကျနော်တို့လည်း ဒီ logic သဘောတရားကို ယူပြီး ကျနော်တို့ List ထဲမှာ သိမ်းမယ့် AIDE Group member တစ်ယောက်ချင်းစီကို ကိုယ်စားပြု ရည်ညွှန်းတဲ့ ကိုယ်ပိုင် object type ကို ဖန်တီးဖို့ class တစ်ခု ရေးရအောင်လား။
နေဦး member တစ်ယောက်ချင်းစီကို ကိုယ်စားပြုတဲ့ object အတွက် class ရေးမှာဆိုတော့ class နာမည်ကို ဘယ်လိုပေးရပါ့မလဲ?
ခပ်ဆန်းဆန်းလေး ဖြစ်အောင် ဒီလို ပေးရအောင်။ ကျနော်တို့ fight တဲ့ သူတွေကို fighter လို့ ခေါ်ကြတယ်ဆိုတော့ ကျနော်တို့ တစ်တွေ တစ်ယောက်ချင်းစီကလည်း AIDE အဖွဲ့ဝင် fighter ဆိုတော့ AIDEFighter လို့ ခပ်ဆန်းဆန်း ပေးလိုက်ရအောင်ပါ။ ရေးလိုက်ပါ class တစ်ခု AIDEFighter အမည်သစ်နဲ့ ... :)
public class AIDEFighter
{
}
class တစ်ခုရေးရင် class constructor လာမယ် (ပြောပြီး။) ရေးလိုက်ပါ။
AIDEFighter() {
}
ပြောခဲ့ပါတယ် AIDE Group member တစ်ယောက်ချင်းစီရဲ့ နာမည်ယူမယ်လို့။
နာမည်ကို " " - String type နဲ့ ရေးတယ်နော်။
String mName;
ဒီ mName နာမည်နဲ့ String ကို ဒီ AIDEFighter class ထဲမှာပဲ သုံးမှာမို့ modifier က private။ modifier ဘာမှ တပ်မပေးဘူးဆိုရင် public လို့ ယူဆတယ်။
private String mName;
ပြီးတော့ ဖုန်းနံပါတ်အတွက်။ သူ့ကိုလည်း ဖုန်းနံပါတ်က ဂဏန်းတွေဖြစ်ပေမယ့်လည်း String type ပဲ သုံးကမှာ။ ဘာဖြစ်လို့လည်း နောင် ဒီဖုန်းနံပါတ်ကို ယူပြီး call function တွေဘာတွေ ထည့်ချင်သေးရင် ACTION_CALL နောက်က Uri.parse( ) မှာ ဖုန်းနံပါတ်ကို String နဲ့ ရေးပေးရတာပဲ မို့လား။
private String mPhone;
ပြီးတော့ Level အတွက်။ သူကလည်း ဂဏန်း 123 တွေကို သုံးမှာဖြစ်တဲ့အတွက် int type ပဲသုံးသုံး String type သုံးသုံးရတယ်။ String type ပဲ သုံးကြည့်ရအောင်။
private String mLevel;
ဒီသုံးခုက အခု class မှာ variable တွေမဟုတ်လား။ variable တွေဆိုတော့ class ထိပ်မှာ ကြေငြာပေးထားရမှာပေါ့။ ဒါဆို ရေးပြီးသမျှ class က ဒီလို ဖြစ်လာပြီ။
public class AIDEFighter {
private String mName;
private String mPhone;
private String mLevel;
AIDEFighter() {
}
}
ဒီ class ကနေ AIDEFighter ဆိုတဲ့ object တွေကို ဖန်တီး ဖန်တီးယူမှာ။ mName; mPhone တို့ဆိုတာ ဒီ object တစ်ခုချင်းစီရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်တွေကို ကိုယ်စားပြုထားလို့ variable တွေ။ Java မှာ object ကို instance လို့ သုံးတယ်။ ဒါကြောင့် mName တို့ mPhone တို့ကို instance variable တွေလို့လဲ သုံးတယ်။ ပြီးတော့ mName တို့ mPhone တို့ရဲ့ တန်ဖိုးကို ပြောင်းပေးလိုက်တာနဲ ရလာမယ့် AIDEFighter object မှာ နာမည် ရှိနေလား မနေလား စသည်... ဆိုတဲ့ object တစ်ခုရဲ့ အခြေအနေကိုလည်း ပြောင်းလဲသွားစေနိုင်လို့ သူတို့ကို field လို့လည်း ခေါ်နိုင်တယ်။ instance field ပေါ့။
အခု instance field ဖြစ်တဲ့ mName တို့ mPhone တို့ တန်ဖိုးတွေကို ထည့်ပေးနိုင်၊ ထုတ်ပေးနိုင်ဖို့ method လေးတွေ ရေးပေးဖို့ လိုတယ်။ AIDEFighter ဆိုတဲ့ instance (object) အတွက် method မို့ instance method တွေလို့ ခေါ်မှာပေါ့။
ဒီ method တွေက mName, mPhone, mLevel ဒီ instance field သုံးခုရဲ့ တန်ဖိုးတွေကို အသွင်းအထုတ် လုပ်ဖို့တာဝန်ယူရတဲ့ method တွေ။ တန်ဖိုးသတ်မှတ်တာကို set လုပ်တယ်လို့ ခေါ်ပြီး တန်ဖိုး ယူပြီးထုတ်ပေးတာကို get လို့ သုံးကြတာဆိုတော့ ဒီ method လေးတွေကို Setters and Getters လို့ ရေးကြ၊ ပြောကြတာပေါ့။ ဆိုတော့ mName instance field အတွက် setter - getter ရေးမယ်။ method ရေးနည်းအတိုင်း -
public void setName () {
}
setName ဆိုတဲ့ နာမည်ကိုက mName field ကို တန်ဖိုး(နာမည်) ပေးမှာ။ အဲ့ပေးမယ့် နာမည်က အခုကျနော်တို့ ရေးမယ့် project မှာ ဘယ်က ရမလဲ Custom Dialog Box က Name အတွက် EditText က လာရမယ်။ ဆိုတော့ အဲ့ဒီက လာတဲ့ နာမည်(String) ကို input အဝင်လက်ခံဖို့ အခု method ရဲ့ input လက်ခံတဲ့ ( ) လက်သည်းကွင်းထဲမှာ ဝင်လာမယ့် String type ကို name ဆိုတဲ့ နာမည်နဲ့ variable လေးနဲ့ လက်ခံမယ်။ ဆိုတော့
public void setName (String name) {
}
ဟော ဝင်လာတဲ့ String ကို mName ဆိုတဲ့ တန်ဖိုးအဖြစ် set သတ်မှတ်ပေးမှာ။
mName = name;
ဒါကြောင့်
public void setName (String name) {
mName = name;
}
Setter method တစ်ခု အလုပ်လုပ်ပေးတာ ဒါပါပဲ။ ပြီးရင် Getter method အလှည့်။ သူကကျ Setter နဲ့ ဆန့်ကျင်ဖက် ထုတ်ပေးမှာဆိုတော့ mName အတွက် -
public void getName( ) {
}
တန်ဖိုး(နာမည်) ကို ထုတ်ပေးရမယ်ဆိုကတည်းက ထုတ်ပေးတဲ့ return type ပါလာပြီ။ ဘာမှ ထုတ်မပေးတဲ့ void မဟုတ်တော့ဘူး။ ထုတ်ပေးရမှာက mName ရဲ့ တန်ဖိုး(နာမည်) ဆိုတော့ String type ကို ထုတ်ပေးကမှာ။ ဒါကြောင့် အပေါ်က void နေရာမှာ String ပေါ့။
public String getName( ) {
}
ဒီ Getter method က mName မှာ ရှိနေမယ့် တန်ဖိုး(နာမည်) ကိုပဲ ယူပြီးထုတ်ပေးရမှာဆိုတော့ input လက်ခံတဲ့ ( ) ထဲမှာ ဘာမှ အဝင်တွေ လက်ခံနေမှာမဟုတ်တဲ့အတွက် ဘာမှ ရေးစရာမလို။ အပေါ်က mName တန်ဖိုးကိုပဲ ရှိနေတဲ့အတိုင်း ယူထုတ်ပေးရမှာ။
void မဟုတ်တဲ့ return type ပါတဲ့ method တစ်ခုမှာ return statement နဲ့ သူထုတ်ပေးပါမယ်လို့ တာဝန်ယူထားတဲ့ type ကို ပြန်ကို ထုတ်ပေးရတယ်။ မပေးရင် AIDE က error ပြပြီး return ထည့်ပေးပါလို့ သတိပေးလိမ့်မယ်။ အခု ထုတ်ပေးမယ်လို့ တာဝန်ယူထားတာက String type; ထုတ်ပေးမယ့်ဟာက String type ဖြစ်တဲ့ mName ရဲ့ တန်ဖိုး (နာမည်) လေးကို ယူပြီးပေးကမှာဆိုတော့ OK တယ်။
return mName;
ဆိုတော့ ဒီ getter method အပြည့်အစုံက ဒီလာဖြစ်လာမယ်ပေါ့။
public String getName( ) {
return mName;
}
ကဲ mName အတွက် setter and getter ရေးပြီးပြီဆိုတော့ ကျန်တဲ့ mPhone တို့ mLevel တို့အတွက် setter and getter တစ်စုံစီကို အခုအပိုင်းရဲ့ "ကိုယ်တိုင် code ရန်" အဖြစ် ထားခဲ့လိုက်ပါတယ်။
Congrats! ကျနော်တို့ List စာရင်းအတွက် ကိုယ်ပိုင် object class ရေးပြီးသွားပါပြီ။
ဒီ object တွေကို List လုပ်မယ်လို့ MainActivity class ဆီသွားပြီး ကြေငြာပေးလိုက်ရအောင်ပါ။ List ဆိုလို့ ဒီ project အတွက် အသင့်လျော်ဆုံး ArrayList အမျိုးအစားကို "တိုက်ရိုက်" သုံးဖို့ ရွေးချယ်ထားပါတယ်။ ("တိုက်ရိုက်" လို့ပြောတာ အကြောင်းရှိပါတယ်။ ပုံမှန်က ဝါရင့် Developer ကြီးများက "Code to Interfaces, not to Implementatoins" နည်းနဲ့ code ပါလို့ အမြဲမှာကြားတတ်ကြပါတယ်။ List ဟာ Interface ဖြစ်ပြီး ArrayList တို့ LinkedList တို့ဟာ List Interface ကိုမှ Implementation လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် List ကို declare ကြေငြာရာမှာ
ပထမ Interface နဲ့
List<?> mList;
ပြီးမှ Implementation အဖြစ်
mList = new ArrayList<?>;
ဆိုပြီး Interface ကို အရင်စဉ်းစားပါလို့ rule ရှိပါတယ်။ ဒီလို Interface ကို ဦးတည် code ထားပါက နောင်အချိန် အခုကိုယ့် List ကို performance ကြောင့်ပဲဖြစ်ဖြစ် ArrayList<> မသုံးချင်လို့ LinkedList<?> အမျိုးအစားကို ပြောင်းသုံးချင်တယ်ဆိုရင် ဒီ List ကို ယူသုံးထားတဲ့ app တစ်ခုလုံးက code တွေကို လိုက်ပြောင်းစရာမလိုပဲ အပေါ်က
mList = new ArrayList<?>; နေရာက code ကိုပဲ mList = new LinkedList<?>; လို့ ဒီတစ်နေရာတည်း ပြောင်းပေးလိုက်ရုံနဲ့ List အမျိုးအစား ပြောင်းပြီးသား ဖြစ်နေပါမယ်တဲ့။ )
ဒါပေမယ့် အခု project မှာ အပေါ်မှာ ပြောခဲ့သလို ArrayList<> ကို တိုက်ရိုက်ကြေငြာသုံးသွားပါမယ်။
ဒါကြောင့် MainActivity class ထိပ်ဆုံးမှာ ဒီ List ကို အခုလို ကြေငြာပေးလိုက်ရအောင် -
ArrayList<AIDEFighter> mList;
... လို့ ပြောရင်း ...
-----------------------------------------
အပိုင်း ( 6 ) မျှော် .... :)
ကိုမျိုး
AIDE Android Lessons And Project Group
မှကူးယူတင်ထားပါသည်
#mkk_ListView
Comments
Post a Comment
Thank,s for ...