ListView Project (6)

ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 6 )
***********************

ပြီးခဲ့တဲ့ အပိုင်းအထိ ပြည့်ပြည့်စုံစုံ code ပြီးနေမယ်လို့ ယူဆပါတယ်။

ဒီအပိုင်းမှာတော့ ကျနော်တို့ List အတွက် လိုအပ်မယ့် Adapter ပိုင်းကို လေ့လာရင်း code သွားရအောင်လား။

List တွေကို ပြဖို့ android က ပေးထားတဲ့ မူရင်း Adapter class တွေကို ယူသုံးရင်လည်း ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲ့ဒီလို မသုံးချင်ဘူးလေ။ List အတွင်းက item လေးတွေအတွက် ကိုယ်တိုင် စိတ်ကြိုက်ရေးထားတဲ့ layout လေးတွေကိုလည်း သုံးလိုက်ချင်သေးတာ။ ဒီလို ကိုယ့်စိတ်ကြိုက် သုံးနိုင်ဖို့ဆိုရင် List အတွက် ကိုယ်သုံးမယ့် မူရင်း Adapter class ကို extends လုပ်ယူပြီး ကိုယ်သုံးချင်တဲ့ layout ကို Custom Dialog class တုန်းကလို @Override လုပ်ယူရေးရမှာပေါ့။ ( ကိုယ့် ListView မှာ ပေါ်မယ့် list row အတွက် ကိုယ်သုံးချင်တဲ့ layout တစ်ခုကို list_row.xml ဆိုတဲ့ နာမည်နဲ့ design ဆွဲထားပေးပါ။ အခု project မှာသုံးမယ့် ကျနော့် list_row.xml layout ကို ဒီ post အောက်ဆုံးမှာ ပေးထားပါမယ်။)

ဘာပဲဖြစ်ဖြစ် class တစ်ခုတော့ ရေးကို ရေးရတော့မှပေါ့။ ကဲဗျာ ပြောနေကြာတယ် အခုပဲ ရေးလိုက်ကြရအောင်။ အခု ရေးမှာက Adapter အတွက် class ဆိုတော့ နာမည်တစ်ခုခု ပေးပြီး class အသစ်တောင်းလိုက်ပါ။ ထားပါတော့ class နာမည်ကို FighterAdapter ...

public class FighterAdapter
{

}

ဒီ class အတွက် constructor ပါ ထည့်ရေးဗျာ။ (ရှင်းပြပြီး။)

public class FighterAdapter
{


FighterAdapter() {


}

}

နေဦး အခု class က android SDK မှာပါတဲ့ မူရင်း Adapter class တစ်ခုခုကို extends လုပ်ပြီး ကိုယ့် Layout View ကို @Override လုပ် ရေးရမှာ မဟုတ်လား? ဆိုတော့ မူရင်း ဘယ် Adapter class ကို extends လုပ်ယူရင် ကောင်းမလဲ?

OK, ကျနော်တို့က List ကို ArrayList<> အမျိုးအစား သုံးမယ်လို့ ဆုံးဖြတ်ထားပြီးသားနော်။ ဆိုတော့ android မှာ ပေးထားတဲ့ မူရင်း Adapter class တွေထဲမှာ ArrayAdapter ဆိုတဲ့ class တစ်ခု ပါတယ်ဗျ။ ArrayList<> အတွက် ArrayAdapter ကွက်စတိပဲ။ အဲ့ class ကို extends ယူရေးမယ်ဗျ။ (အခြား CursorAdapter, BaseAdapter  စတဲ့ class တွေလည်း ရှိပါသေးတယ်။ )

ကဲ ArrayAdapter class ကို extends ယူလိုက်ကြမယ်။

public class FighterAdapter extends ArrayAdapter<AIDEFighter> {


FighterAdapter() {


}

}

( extends နောက်က ArrayAdapter<AIDEFighter> မှာ ArrayList မှာ ကျနော်တို့ထည့်သုံးထားတဲ့/မယ့် AIDEFighter (object) အမျိုးအစား တိတိကျကျ သတ်မှတ်ပေးထားတာကို သတိပြုပါ။)

အဲ ... အခုလို ArrayAdapter class ကို extends လုပ်လိုက်တာနဲ့ AIDE IDE က error ပေးတော့တာပါပဲ။ အောက်က screenshot ပုံတစ်ခုထဲမှာလည်း error ကို ပြထားပါတယ်။ ဘာတဲ့ error က ...

There is no applicable constructor to '( )' တဲ့။

ဒီ error ကို နားလည်ဖို့ ကျနော်တို့ class တွေရဲ့ constructor ကို နည်းနည်း တီးမိခေါက်မိ ရှိရပါမယ်။

အဲ့ဒါကတော့ ကျနော်တို့ class တစ်ခုကို extends လုပ်လိုက်တိုင်း ကူးတဲ့ class (sub class) ရဲ့  constructor ထဲမှာ အကူးခံရတဲ့ class (super class) ရဲ့ constructor ကိုပါ ပြန် ခေါ်ပေးရတယ်ဆိုတာပါ။ (subclass superclass အကြောင်း အရင်အပိုင်းတွင် ပါပြီး။)

ဆိုတော့ အခု sub class ရဲ့ constructor က

FighterAdapter() {


}

ဒီ constructor ထဲမှာ extends အကူးခံရတဲ့ ArrayAdapter ဆိုတဲ့ superclass ရဲ့ constructor ကို ပြန် ခေါ်ပါဆိုတော့ ( super keyword နဲ့ သုံး ခေါ်ပါတယ်။ ) ဒီလို ခေါ်လိုက်ပါတယ်။

FighterAdapter() {
     super( );

}

တိန်!!! ... အဲ့ဒီလို super(); နဲ့ superclass ရဲ့ constructor ကို လှမ်းခေါ်တဲ့ဟာ ရေးပေးလိုက်တာကိုပဲ စောစောက ပြနေတဲ့ error က ပျောက်မသွားတဲ့ပြင် error က ကျနော်တို့ ရေးလိုက်တဲ့ super(); က ( ) ကို အနီလိုင်းနဲ့ လာထောက်ပြနေလိုက်သေး! ခက်စတော့ အတော်လေးကို ခက်နေပြီ။ ဘာလိုနေပါလိမ့်? ကျနော်တို့က မှန်ပြီး AIDE IDE ကများ မှားနေလေရော့သလား?! :)

မဟုတ်ပါဘူး။ အမှန်က ဒီလိုပါ ကျနော်တို့ extends ကူးလိုက်တဲ့ ArrayAdapter class ရဲ့ constructor မှာကိုက သူ့ class အတွင်းမှာ သုံးဖို့ input အဖြစ် data တစ်ချို့ တောင်းထားတာ ရှိနေလို့ပါ။ ဘာ data တွေ တောင်းထားလဲ? input သုံးမျိုးတောင်းထားပါတယ်။

1) Context ရယ်၊
2) ListView မှာ row အဖြစ်သုံးဖို့ layout ရယ်၊ ပြီးတော့
3) ArrayList အမျိုးအစား List စာရင်း data ရယ်ဆိုပြီး

သုံးမျိုးတောင်းထားပါတယ်။ ကျနော်တို့က superclass constructor က တောင်းထားတဲ့ data တွေကို ထည့်မပေးပဲ ဘာ data မှ မပါတဲ့ ဗလာ constructor ( super();  ) နဲ့ ကျနော်တို့က ပြန်ခေါ်မိတာကြောင့် အခု error ပြနေခြင်းပါ။

ဒါဆို သူတောင်းတဲ့ data သုံးမျိုးကိုလည်း ကျနော်တို့က ကျနော်တို့ subclass ရဲ့ constructor ထဲမှာ ပြန်တောင်းပြီး superclass constructor ထဲကို ထည့်ပေးလိုက်နိုင်ရင် OK ပြီပေါ့။

ဒါဆို ကျနော်တို့ အခုရေးထားတဲ့ FighterAdapter ရဲ့ constructor ကိုလည်း လိုအပ်တဲ့ဟာတွေ input တောင်းယူဖို့ အခုလို ပြင်ရေးရပါမယ်။

FighterAdapter(Context context, ArrayList<AIDEFighter> fighterList) {

}

Context object ကို context ဆိုတဲ့ variable နာမည်လေးနဲ့ တောင်းထားတယ်။ ArrayList<?> အမျိုးအစား List စာရင်းကို fighterList ဆိုတဲ့ variable နာမည်လေးနဲ့ input တောင်းယူ လက်ခံတယ်ပေါ့။

ဒီနေရာမှာ ကျနော်တို့ရဲ့ constructor ထဲမှာ input နှစ်ခုပဲ တောင်းပါမယ်။ ယူသုံးမယ့် layout က ဆွဲပြီးသား list_row.xml ဆိုတဲ့ Layout ကို  R.layout.xxxx ဆိုတာနဲ့ superclass ဆီကို constructor ကနေ လှမ်းပို့လိုက်လို့ရလို့ပါ။

အဲ့ဒီတော့မှ superclass က တောင်းထားတဲ့ data တွေ ပေးနိုင်ပြီမို့ super keyword နဲ့ superclass constructor ဆီကို ထည့်ပေးလိုက်ပါ။

FighterAdapter(Context context, ArrayList<AIDEFighter> fighterList) {
super(context,R.layout.list_row,fighterList);

}

}

ဒါဆို စောစောက error ပျောက်သွားမှာဖြစ်ပါတယ်။

ဆက်လက်ပြီး subclass ရဲ့ constructor ထဲမှာပဲ input အဖြစ်တောင်းယူထားတဲ့ Context နဲ့ ArrayList<> ကို အခု class ထဲမှာ ယူသုံးနိုင်အောင် class variable နှစ်ခုနဲ့ ဖမ်းယူလိုက်ပါမယ်။ ဒါဆို အခု FighterAdapter class က ဒီလိုရလာမှာ ဖြစ်ပါတယ်။

public class FighterAdapter extends ArrayAdapter<AIDEFighter> {

Context mContext;
ArrayList<AIDEFighter> mFighterList;

FighterAdapter(Context context, ArrayList<AIDEFighter> fighterList) {

super(context,R.layout.list_row,fighterList);

mContext = context;
mFighterList = fighterList;
}

}

constructor ပိုင်း မှန်သွားပြီဆိုတော့ List row မှာ ကိုယ်သုံးချင်တဲ့ list_row.xml layout ကို View ပြင်ယူဖို့အတွက် Custom Dialog Box class မှာတုန်းကလို အခု Adapter class ရဲ့ View ထုတ်ပေးတဲ့ method ကို ရှာပြီး @Override လုပ်ပေးရမှာပါ။

Android source code ဆရာ Google က developer တွေကို ပြောပြီးသားပါ။ Custom View အစားထိုးချင်ရင် အခုလို Adapter class တွေရဲ့ getView() method ကို @Override လုပ်ပေးကြပါဆိုတာကို။ ဆိုတာ အရင်အပိုင်းက အတိုင်း getView() method ကို auto complete နဲ့ @Override လုပ်ချလိုက်ပါ။ ဒီလို ရလာပါမယ် -

@Override
public View getView(int position, View convertView, ViewGroup parent)
{
// TODO: Implement this method
return super.getView(position, convertView, parent);
}

ပြောပြပြီးသားပါ custom layout View တစ်ခု ခေါ်ဖွင့်ဖို့ LayoutInflator ဆိုတာ လိုပါတယ်လို့။ အခု @Override လုပ်လိုက်တဲ့ method မှာ LayoutInflator ဆိုတာပေးမထားပါဘူး။ int position တို့ ViewGroup တို့ပဲ ပါလာပါတယ်။ (Custom Dialog class တုန်းက အခုလို @Override လုပ်လိုက်ချိန် method တွင်းမှာ LayoutInflator object ပါ ပါလာတာကို ပြန်ကြည့်သတိပြုပါ။)

ဒါကြောင့် LayoutInflator ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှမ်းယူရပါတော့မယ်။ ဘယ်ကနေယူမလဲ ? စောစောက ဖမ်းယူလိုက်တဲ့ Context object ဖြစ်တဲ့ mContext ကနေ LayoutInflator ကို casting လုပ်ပြီး အခုလို code နဲ့ ယူလို့ရပါတယ်။

LayoutInflater inflater = (LayoutInflater) mContext.getSystemService(Context.LAYOUT_INFLATER_SERVICE);

ပြီးတော့မှ ဒီ LayoutInflator object ကနေ inflate() method နဲ့ list_row.xml က View ကို ယူပါမယ်။

View rowLayout = inflater.inflate(R.layout.list_row, parent, false);

ဒီရလာတဲ့ View ကို return ကနေ ထုတ်ပေးလိုက်ရုံပါပဲ။

return rowLayout;

ဒါဆို အခု @Override လုပ်လိုက်တဲ့ method အပြည့်အစုံက ဒီလို ဖြစ်ပါမယ်။

@Override
public View getView(int position, View convertView, ViewGroup parent) {

LayoutInflater inflater = (LayoutInflater) mContext.getSystemService(Context.LAYOUT_INFLATER_SERVICE);
View rowLayout = inflater.inflate(R.layout.list_row, parent, false);


return rowLayout;
}

ဒီနေရာမှာ မြင်တတ်သူများက မေးချင်ရင် မေးလို့ရတာ တစ်ခုရှိပါတယ်။ ကျနော်တို့ superclass constructor ထဲကနေ တစ်ခါတည်း ကျနော်တို့သုံးချင်တဲ့ list_row.xml layout ကို ထည့်ပြီးပေးလိုက်ပြီးပြီ ဘာဖြစ်လို့ ဒီ getView() method ကို @Override ထပ်လုပ်ပြီး View ကို ထပ်လုပ်နေရသလဲ ဆိုတာပါ။ အဖြေက constructor မှာ ထည့်ပေးလိုက်ပြီးသားမို့ ကျနော်တို့က အခု getView() မှာ  အဲ့ဒီ View ကို @Override လုပ်ပြီး ယူပြီး ပြောင်းလဲတာပါ။ ဘယ်လိုပြောင်းလဲတာလဲဆိုတော့ အဲ့ဒီ View မှာ ကျနော်တို့ စိတ်ကြိုက်ထည့်လိုက်တဲ့ TextView တွေ Button တွေ ပါပါတယ်။ အဲ့ဒီ Button တွေ click လုပ်ရင်သိအောင် OnClickListener() တွေ ချိတ်သင့်ရင် ချိတ်ပေးဖို့အတွက်ပါ။ ဒါကြောင့် အခု @Override လုပ်တဲ့ method နာမည်ကိုက getView() ပါ။ List row အတွက် Adapter က ယူသုံးထားတဲ့ row layout View ကို get ဒီ method အတွင်းက ရယူနိုင်ပြီး ပြောင်းလဲတာတွေ ဘာတွေလုပ်ပါလို့ ဆိုလိုတာပါ။ Google က ဒီလို method နာမည်ကို method က လုပ်ပေးတဲ့ လုပ်ဆောင်ချက်လေးတွေနဲ့ action ယူပြီး ပေးထားတာကြောင့် နာမည်ကြည့်ရုံနဲ့ ဘာ method ဆိုတာ သိနိုင်ပါတယ်။ ကျနော်တို့သာ ဒီ getView() method ကို @Override လုပ်မပြောင်းပဲ သုံးမယ်ဆို list_row.xml ကိုတော့ ယူသုံးပါရဲ့ သူ့ထဲက Button တွေ onClick() မချိတ်လိုက်ရတဲ့အတွက် click action ကို ဖမ်းလို့ ရမှာမဟုတ်ပါဘူး။ နောက်အပိုင်းတွေမှာ ဒီနေရာကနေ Button id တွေရှာချိတ်ပြီး OnClick() ချိတ်သွားပါမယ်။

ဒါပါပဲ Adapter class က ဒီ getView() method တစ်ခုကို @Override လုပ်ရုံနဲ့ ကျနော်တို့ FighterAdapter class က စိတ်ကြိုက်ပြင်ယူထားတဲ့ Custom Adapter class တစ်ခုအနေနဲ့ အသုံးပြုလို့ ရသွားပါပြီ။

လိုက် code နေသူတွေအနေနဲ့လည်း code ရင်း ဘယ် code က ဘာကြောင့်ဆိုတာ အတတ်နိုင်ဆုံး သီအိုရီ လိုက်ပေးခဲ့တာမို့ တဖြည်းဖြည်း code flow ကို နားလည်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နားမလည်ပါက ရေးပြသူ ကျနော် ညံ့သေးလို့ပဲလို့ အောက်မေ့ပြီး ဆက်ကြိုးစား သွားပါမယ်။

ဆိုတော့ ဒီအပိုင်းကို ဒီမှာတင် ရပ်ပြီး နောက်အပိုင်းတွေမှာ ဘယ်နေရာတွေ ဘယ်လို လိုက် code မယ်ဆိုတာ စောင့်မျှော်ရင်း ....

အပိုင်း ( 7 ) မျှော် .... :)

list_row.xml (အကြမ်း)
===========

<?xml version="1.0" encoding="utf-8"?>
<RelativeLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="wrap_content"
android:orientation="vertical">

<RelativeLayout
android:layout_height="100dp"
android:layout_width="match_parent"
android:background="#6D1092"
android:layout_centerVertical="true">

<ImageView
android:layout_height="50dp"
android:layout_width="50dp"
android:src="@android:drawable/ic_delete"
android:layout_centerVertical="true"
android:id="@+id/listrowImageView1"
android:layout_marginLeft="5dp"/>

<TextView
android:layout_height="wrap_content"
android:layout_width="wrap_content"
android:textColor="#FFFFFF"
android:layout_alignParentRight="true"
android:layout_centerVertical="false"
android:textSize="15sp"
android:background="#EC2929"
android:padding="5dp"
android:id="@+id/levelTv"/>

<LinearLayout
android:layout_height="wrap_content"
android:layout_width="wrap_content"
android:orientation="horizontal"
android:layout_centerHorizontal="true"
android:layout_alignParentBottom="true"
android:gravity="bottom|center"
android:id="@+id/listrowLinearLayout1">

<Button
android:layout_height="35dp"
style="?android:attr/buttonStyleSmall"
android:text="Delete"
android:layout_width="wrap_content"
android:layout_marginRight="35dp"
android:background="#FB4136"
android:textColor="#FBFBFB"/>

<Button
android:layout_height="35dp"
style="?android:attr/buttonStyleSmall"
android:text="Call"
android:layout_width="wrap_content"
android:background="#494EF1"
android:textColor="#FFFFFF"/>

</LinearLayout>

<TextView
android:layout_height="wrap_content"
android:text="Text"
android:layout_width="wrap_content"
android:layout_centerInParent="true"
android:layout_above="@id/listrowLinearLayout1"
android:padding="5dp"
android:textSize="18sp"
android:textColor="#FFFFFF"
android:id="@+id/nameTv"/>

</RelativeLayout>

</RelativeLayout>

-----------------------------------------

ကိုမျိုး

AIDE Android Lessons And Project Group

မှ ကူးယူတင်ထားပါသည်

#mkk_ListView


Comments