ListView Project (7)















ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 7 )
***********************

ဘာမှ မပြောခင် အရင်အပိုင်းက ပေးခဲ့တဲ့ list_row.xml ဖိုင်ကို ဒီ post အောက်ဆုံးမှာ ပေးထားတဲ့ layout အတိုင်း ယူသုံးပေးပါလို့ ... ဒါကြောင့် အခုပဲ အဲ့ layout ဖိုင်ကို ယူလဲလိုက်ပါ။ နောက် သဘောတရားသိသွားပြီဆို ကြိုက်သလို ပြင်ရေးပေါ့။

ကဲ အပိုင်း (7)။ အရင် ListView တွေ ရေးခဲ့ဖူးရင် အားလုံးကို ခဏမေ့ထားလိုက်ပါ။ ခေါင်းကို ရှင်းထားပါ။ ပြီးတော့ ကိုယ်ရေးတဲ့ code ဟာ ဘာကြောင့် ရေးလိုက်ရပါတယ်ဆိုတာကို အာရုံစိုက်ထားပါ။ ဒါမှ ဘယ်နေရာမှ ဝင်ရေးရင် ဘာဖြစ်သွားမလဲ? ဘာ error တက်နိုင်မလဲ အဖြေထုတ်တတ်သွားပါမယ်။ ဒီအပိုင်းမှာ class constructor ကနေ data အဝင်အထွက်ပိုင်း ပါလာပါမယ်။ ကဲ စ ရအောင်။

ဒီနေ့ code မယ့် code flow က အပေါင်း Button ကို နှိပ်လိုက်တာနဲ့ Dialog Box ပွင့်လာ ၊ ပြီး Dialog Box ထဲက Add Button ကို နှိပ်လိုက်တာနဲ့ ListView မှာ data လှမ်းထည့်ပြီးပြနိုင်အောင် code ရမှာ ဖြစ်ပါတယ်။

ဆိုတော့ ပထမဆုံး Dialog Box မှာ ရှိနေတဲ့ EditText တွေ Button တွေကို id ချိတ်ပြီး click action ဖမ်းပေးရမှာပါ။ Dialog Box အတွက် သုံးခဲ့တဲ့ class က MySpecialDialog class နဲ့ Layout က new_member_dialog.xml ဆိုတော့ ဒီဖိုင်နှစ်ခုမှာ သွားရေးရမှာပါ။

အရင်ဆုံး xml ဖိုင်မှာ EditText တွေ Button တွေကို AIDE Designer ကနေ သက်ဆိုင်ရာ EditText/Button တွေပေါ်ထောက်ပြီး ID ကနေ id သတ်မှတ်ပေးလိုက်ပါ။ ပေးရမယ့် id နာမည်တွေက -

nameEdt
phoneEdt
levelEdt
cancelBtn
addBtn

လို့ ဖြစ်ပါတယ်။

ပြီးသွားရင် MySpecialDialog class နဲ့ ချိတ်ဆက်မှာမို့ MySpecialDialog class အတွင်း ထိပ်ဆုံးမှာ ဒီပစ္စည်း ငါးမျိုးအတွက် သက်ဆိုင်ရာ variable ငါမျိုး ကြေငြာလိုက်ပါ။

private EditText nameEdt, phoneEdt, levelEdt;
private Button addBtn,cancelBtn;

ဒါတွေကို ဒီ class အတွင်းမှာပဲ သုံးမှာမို့ ရှေ့က private ထည့်ထားတာပါ။

ပြီးသွားရင် ဒီ class မှာ ကျနော်တို့ Layout View ကို ပြောင်းပေးခဲ့တာက onCreateView(...) method ထဲမှာပါ။ ဒါကြောင့် onCreateView() အတွင်းမှာ View ကို ပြန်ထုတ်မပေးခင် id အမိရှာချိတ်ပေးရမှာပါ။ ဒါကြောင့် return statement ဖြစ်တဲ့ return rootLayout; မတိုင်ခင် အပေါ်က ရေးရမှာပါ။( ss ပြထားပါမယ်။)

ဒီနေရာမှာ ကျနော်တို့ id ချိတ်နေကျ code က ( EditText  တစ်ခုအတွက်ဆိုရင် )

nameEdt = (EditText) findViewById(R.id.nameEdt);

လို့ ရေးချိတ်နေကြပါ။ ဒါပေမယ့် ဒီ class ထဲမှာတော့ ဒီ EditText တို့ Button တို့ ဆိုတာတွေဟာ ကျနော်တို့ LayoutInflator ကနေ ဆွဲယူဖွင့်ထားတဲ့ rootLayout ဆိုတဲ့ View ထဲမှာ ရောက်နေတဲ့အတွက် id ချိတ်ရင် rootLayout ထဲကနေ ရှာချိတ်ပေးရပါတယ်။

nameEdt = (EditText) rootLayout.findViewById(R.id.nameEdt);

အဓိပ္ပါယ်က

rootLayout(၏)findViewByID(R.id.xxxxx); (id ဘာနဲ့ ပစ္စည်း) လို့ နားလည်နိုင်ပါတယ်။ ဒီအတိုင်း အပေါ်က ပစ္စည်းငါးခုကို id ချိတ်ပေးလိုက်ပါ။

nameEdt = (EditText) rootLayout.findViewById(R.id.nameEdt);
phoneEdt = (EditText) rootLayout.findViewById(R.id.phoneEdt);
levelEdt = (EditText) rootLayout.findViewById(R.id.levelEdt);

addBtn = (Button) rootLayout.findViewById(R.id.addBtn);
cancelBtn = (Button) rootLayout.findViewById(R.id.cancelBtn);

id ချိတ်ပြီးသွားရင် Button နှစ်ခုကို click သိအောင် setOnClickListener နည်းနဲ့ အခုလို ချိတ်ပေးရမှာပါ။

addBtn.setOnClickListener(new OnClickListener() {
@Override
public void onClick(View v) {

}
});

Button တစ်ခုကို setOnClickListener() နည်းနဲ့ သုံးရင် ဒီအပေါ်က code နဲ့ပဲ အမြဲတမ်း သုံးရမှာ ဖြစ်တာကြောင့် အလွတ်ရေးတတ်အောင် လုပ်ထားပါ။

(cancelBtn အတွက်လည်း အခု လို ချိတ်ရန်။)

ကဲ Dialog Box ရဲ့ EditText တွေ Button တွေကို သိအောင်လုပ်ပြီးသွားပြီဆိုတော့ code logic စပါမယ်။

ကျနော်တို့ အပေါင်း Button ကို နှိပ်လိုက်ရင် Dialog Box ပွင့်လာပါမယ်။ ပွင့်လာတဲ့အချိန်မှာ Box ထဲက EditText တွေဆီကနေ သက်ဆိုင်ရာ နာမည်တို့ ဖုန်းနံပါတ်တို့ Level တို့ရဲ့ data တွေကို ဖမ်းယူပြီး List ထဲကို ထည့်ပြီး ListView မှာ ပြရပါမယ်။

ဒါဆိုထည့်ရမယ့် List က ဘယ်မှာလည်း? MainActivity class ဆီက ကျနော်တို့ သုံးမယ်လို့ ကြေငြာပေးခဲ့တဲ့ mList ထဲ ကိုပဲဖြစ်ပါတယ်။ ဒါဆို ဒီ mList ကို MainActivity class ကနေ ဘယ်လို လှမ်းတောင်းမလဲ? အခု class ရဲ့ class constructor ကနေ လှမ်းတောင်းလို့ရပါတယ်။ ဒါကြောင့် MySpecialDialog class ရေးတုန်းက constructor ပါ အောင် ရေးခဲ့ပါလို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ အခုကျနော်တို့ ရေးခဲ့တဲ့ class ရဲ့ မူလ constructor ပါ။

public MySpecialDialog( ) {

}

ဒီ constructor ကနေ mList ကို လှမ်းတောင်းမှာဆိုတော့ mList ဟာ ArrayList<> အမျိုးအစားမိုလို့ ရှေ့က type နောက်က variable နာမည်နဲ့ input တောင်းယူလက်ခံမယ်ပေါ့။

public MySpecialDialog(ArrayList<AIDEFighter> fighterList) {


}

variable ကို ကိုယ်ကြိုက်တဲ့ နာမည်ပေးနိုင်ပါတယ်။ MainActivity class ကနေ ပေးလိုက်မှာကတော့ mList ဆိုတဲ့ စာရင်းပါပဲ။ ဒီဖက် class မှာ ဒီ စာရင်းကို ကိုယ်ကြိုက်တဲ့ နာမည်နဲ့ ယူသုံးခွင့်ရှိပါတယ်။ ဒါကြောင့် ကျနော်က fighterList ဆိုတဲ့ နာမည်နဲ့ input ကို လက်ခံယူမှာပါ။ type ကတော့ ArrayList<> ပါပဲ။ ဒီ type တူနေဖို့ပဲ အရေးကြီးတာပါ။

constructor က input အဖြစ်ရလာတဲ့ ဒီ fighterList ကို ဒီ class အတွင်း သုံးနိုင်ဖို့ class ထိပ်မှာ variable တစ်ခုကြေငြာပြီး constructor ကနေ ဖမ်းယူလိုက်ပါ။

ကျနော်က class ထိပ်မှာ variable တစ်ခုကို အခုလို ကြေငြာပေးလိုက်ပါတယ်။

ArrayList<AIDEFighter> mFighterList;

ပြီးတော့ စောစောက List စာရင်းကို constructor ထဲကနေ ဖမ်းယူလိုက်ပါတယ်။

public MySpecialDialog(ArrayList<AIDEFighter> fighterList) {

mFighterList = fighterList;

}

ဒါဆို MainActivity class ဆီက mList ကို ဒီဖက် class က mFighterList အမည်နဲ့ ဖမ်းယူထားနိုင်ပြီမို့ ဒီ class ထဲမှာ ဒီ စာရင်းကို အသုံးပြုလို့ ရပါပြီ။

ကျနော်တို့ ထည့်စရာ List စာရင်းတော့ ရှိပြီ။ Add Button နှိပ်တာနဲ့ ဒီ List စာရင်းထဲကို data ထည့်ရမယ်။ ထည့်ရမယ့် data က AIDEFighter တိုတဲ့ object လေးတွေ။ အဲ့ object ထဲကို နာမည်တို့ ဖုန်းနံပါတ်တို့ EditText တွေဆီက လှမ်းယူရမယ့် data တွေ ထည့် ပေးရမှာပါ။

ဒါတွေကို တစ်နေရာတည်းမှာ သီးသန့်လေးဖြစ်သွားအောင် အခု class ထဲမှာ method လေးတစ်ခု ဖန်တီး code ရအောင်ဗျာ။ အခု method နာမည်ကို addOneFighter လို့ ပေးကြစို့။ နေဦး အခု method က ဒီ class အတွင်းကနေပဲ ခေါ်သုံးမှာမို့ private modifier နဲ့ ရေးပေး။

private void addOneFighter( ) {

}

ဒီအပေါ်က method ထဲမှာပဲ ပထမ AIDEFighter ဆိုတဲ့ object တစ်ခု ဖန်တီးမယ်။ ဒါကြောင့် အဲ့ object ဖန်တီးပေးဖို့ တာဝန်ယူရတဲ့ AIDEFighter class ရဲ့ constructor ခေါ်ပြီး AIDEFighter object တစ်ခု ဖန်တီးမယ်။

AIDEFighter fighter = new AIDEFighter();

AIDEFighter ဆိုတဲ့ object type ကို fighter ဆိုတဲ့ နာမည်နဲ့ ဖန်တီးယူတာနော်။

ပြီးရင် နာမည် EditText က စာကို

nameEdt.getText().toString() နဲ့ လှမ်းယူပြီး

AIDEFighter object အတွက် class ရေးတုန်းက setter method ဖြစ်တဲ့ setName() method နဲ့ object ရဲ့ နာမည်တန်ဖိုး အခုလို လှမ်းထည့်မယ်။

fighter.setName(nameEdt.getText().toString());

ဖုန်းနံပါတ် အတွက် -
fighter.setPhone(phoneEdt.getText().toString());

Level အတွက် -
fighter.setLevel(levelEdt.getText().toString());

(AIDEFighter object တစ်ခုအတွက် setter methods တွေ ယူသုံးပြီး တန်ဖိုးတွေ ထည့်သွားတာ သတိပြုပါ။ နောက်အပိုင်း FighterAdapter class ကနေ getter method တွေနဲ့ object ဆီက တန်ဖိုးအသီးသီးကို ပြန်ထုတ်ယူပါမယ်။ )

ပြီးရင် အခု ဖန်တီး data တွေထည့်ပေးထားတဲ့ fighter ဆိုတဲ့ object လေးကို အပေါ်မှာ ဖမ်းယူထားတဲ့ List စာရင်းထဲကို ထည့်လိုက်မယ်။

mFighterList.add(fighter);

( ဒီနေရာမှာ add( ) ဆိုတဲ့ method က List တွေထဲ item တွေ ထည့်ဖို့လုပ်ပေးထားတဲ့ android က ပေးထားတဲ့ မူရင်း method တစ်ခုပါ။ ကိုယ်က ရေးပေးစရာမလိုတာ သတိပြုပါ။ )

ဒါဆို addOneFighter() method အပြည့်အစုံက -

private void addOneFighter() {

AIDEFighter fighter = new AIDEFighter();

fighter.setName(nameEdt.getText().toString());
fighter.setPhone(phoneEdt.getText().toString());
fighter.setLevel(levelEdt.getText().toString());

mFighterList.add(fighter);

}

ဒီလို ထည့်ပေးတာကို Add Button ကို click လိုက်ချိန်မှ လုပ်ပေးစေချင်တာဆိုတော့ အပေါ်က Add Button onClick() ထဲ အခု method လေးကို method call လုပ်ပေးလိုက်ရုံပါ။

addOneFighter();

List စာရင်းထဲကို AIDEFighter object ဖန်တီးထည့်တဲ့ အပိုင်းတော့ ပြီးသွားပြီ။ ဘာကျန်ပါသေးလဲ? အခု List စာရင်းကို ListView မှာ တင်ပြဖို့ ကျန်သေးတယ်။

ဒါနဲ့ ListView က ဘယ်မှာ ရှိတာလဲ? MainActivity class ဆီမှာ။ ဒါဆို သွားစို့ MainActivity class ဆီ။ :)

ListView ပေါ်တင်ပြဖို့ကိုလည်း method လေးတစ်ခု ဖန်တီးရေးပြတာပေါ့ဗျာ။ ဒါမှ method တွေ ရေးတတ်ရေးတတ်လာမှာ။

ListView ကို ပြပေးမယ့် method ရေးမှာဆိုတော့ နာမည်ကို showMyList လို့ ပေးလိုက်ရအောင်။

public void showMyList() {

}

အရင်အပိုင်းက ပြောခဲ့တဲ့ ListView မှာ တင်ပြရင် code flow က ဘယ်လို?

** List စာရင်း
** Adapter
** ListView.setAdapter(adapter);

ဟုတ်တယ်နော်။

ဒါဆို အခု showMyList အတွင်း ရေးရမှာက အပေါ်က code flow အတိုင်း။ List စာရင်းက ရှိပြီးသား mList ။ (MainActivity class က List စာရင်းနော်။ MainActivity class မှာ ရေးနေတာဆိုတော့။ )

ဒါဆို Adapter အတွက်ကရော? ရေးပြီးသား FighterAdapter class ။ FighterAdapter class က constructor ကနေ input တောင်းထားတာ ပါသေးလား။ ပါသေးတယ် Context နဲ့ List စာရင်း။ (FightAdapter class constructor ကို ပြန်ကြည့်ပါ။) ဒါဆို သူတောင်းတာ ထည့်ပြီး FighterAdapter class ကို ခေါ်ဖန်တီးလိုက်ရုံ။

Context ဆိုတာက "this" reference ကို ပြောတာပါ။ List စာရင်းက mList ကို ထည့်ပေးလိုက်ရုံ။ ဆိုတော့ -

FighterAdapter adapter = new FighterAdapter(this,mList);

ပြီးတော့ ListView ပေါ်တင်ပြ။

mListView.setAdapter(adapter);

ဒါဆို showMyList( ) method အပြည့်အစုံက ဒီလိုပေါ့ -

public void showMyList() {
FighterAdapter adapter = new FighterAdapter(this,mList);
mListView.setAdapter(adapter);
}

ဒါက ListView ပေါ် တကယ်တင်ပြပေးမယ့် method လေး။

ဆိုတော့ Dialog Box က Add Button ကို နှိပ်လိုက်တာနဲ့ addOneFighter() method က List ထဲကို data (object) တစ်ခု ဖန်တီးထည့်ပေးပြီးရင် ListView မှာ တင်ပြပေးဖို့ MainActivity class ဆီက showMyList() method ကို လှမ်း call (run) ပေးရမှာပေါ့။

ဆိုတော့ MySpecialDialog class ဆီက Add Button onClick ချိတ်ထားတဲ့ (ဟမ်မရေးး မောလတ်ထှာ အဲ ဟုတ်ပေါင် ညောင်းလိုက်တာ လက် ! :) )  ဆီကို သွားရအောင်။

OK ဒီလို DialogFragment ကနေပဲဖြစ်ဖြစ် Fragment class တွေဆီကဖြစ်ဖြစ် သူ့တို့ကို host လုပ်ထားတဲ့ Activity class ဆီက public method တစ်ခုကို လှမ်း run/ method call လုပ်ချင်ရင် ဒီလို code နဲ့ လှမ်း run လို့ ရပါတယ်။ အလွယ်နည်းပါ။ Intent တွေဘာတွေနဲ့ ကူးစရာ မလိုတဲ့နည်းပေါ့။

((MainActivity)getActivity()).showMyList();

ဆိုတော့ ဒီ code ကို Add Button onClick အတွင်းက စောစောက method call လုပ်ထားတဲ့ addOneFighter(); အောက်က ရေးပေးလိုက်ပါ။ သဘောက List ထဲကို data ထည့်အပြီး ListView ပေါ်တင်ပြပေးတဲ့ method ကို လှမ်း call/run ပေးတာပါပဲ။ ပြီးတာနဲ့ အခု Dialog Box ကို ပိတ်ပစ်ဖို့ အောက်တစ်ကြောင်းက -

dismiss();

ထည့်ပေးလိုက်ပါ။

ကဲ ဒီထိအောင် တစ်ဆင့်ခြင်း လိုက် code ခဲ့တယ်ဆိုရင် နောက်ဆုံးအနေနဲ့ AIDE က error တစ်ခု ပြနေပါမယ်။ အဲ့ဒါကတော့ ကျနော်တို့ စောစောက MySpecialDialog class ရဲ့ constructor ကို ပြင်ရေးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ MainAvtivity class ဆီက List စာရင်းကို တောင်းယူထားတာကြောင့်ပါ။ ဒါကြောင့် အရင် ရေးခဲ့တဲ့ showMyDialog() method အတွင်းက MySpecialDialog ကို ခေါ်ထားတဲ့ code မှာ သူတောင်းနေတဲ့ List စာရင်းဖြစ်တဲ့ mList ကို ထည့်ပေးလိုက်ရမှာ။

ဒါဆိုရင် အခုပိုင်း ပြီးပါပြီ။ App build လုပ် Dialog Box ကို ဖွင့်ပြီး Add Button ကို နှိပ်ကြည့်ပြီး စမ်းသပ်ကြည့်လို့ ရပါပြီ။

အဲသလို Add Button ကို နှိပ်လိုက်တာနဲ့ Unfortunately .... stopped ဖြစ်နေပါမယ်။ :)

ဘာကြောင့်လဲဆိုတော့ Java မှာ အရေးကြီးတဲ့ အချက်တစ်ချက် ရေးစရာ ကျန်နေသေးလို့ပါ။ အဲ့ဒါကတော့ ကိုယ်ကြေငြာထားတဲ့ variable ကို ယူမသုံးခင်မှာ initialize (တန်ဖိုးပေး အသက်ဝင်အောင်) လုပ်ပေးရပါမယ်တဲ့။ အခု ကျနော်တို့ သုံးမလို့ လုပ်နေတဲ့ mList ဆိုတာကို ကျနော်တို့ declare လုပ် ကြေငြာပဲ ထားရပါသေးတယ်။ initialize မလုပ်ကသေးပါဘူး။ ဒါကြောင့် mList က null (အသက်မဲ့ ဗလာ) ဖြစ်နေပါတယ်။ အဲ့ဒါကို Add Button ကို နှိပ်လိုက်တဲ့ မရှိတဲ့ List စာရင်းထဲ ထည့်ခိုင်းသလို ဖြစ်နေလို့ NullPointerException ဖြစ်ပြီး Unfortunately ... stopped ဖြစ်ရတာပါ။

ဒါကြောင့် MainActivity class ရဲ့ onCreate() ထဲမှာ mListView = ... အောက် တစ်ကြောင်းကနေ အခုလို mList ကို initialize လုပ်ပေးလိုက်ပါ။

mList = new ArrayList<AIDEFighter>();

မယုံရင် ဒီ code မပါပဲ စမ်းစေသတည်းပေါ့။

ကဲ ဆိုင့်ကျဲင်းး ...

အပိုင်း ( 8 ) မျှော် .... :)

list_row.xml
===========
<?xml version="1.0" encoding="utf-8"?>
<RelativeLayout
xmlns:android="http://schemas.android.com/apk/res/android"
android:layout_width="fill_parent"
android:layout_height="wrap_content"
android:orientation="vertical"
android:background="#64126D">

<ImageView
android:layout_height="wrap_content"
android:layout_width="wrap_content"
android:src="@android:drawable/ic_delete"
android:layout_centerVertical="true"
android:id="@+id/studentlistrowImageView1"/>

<TextView
android:layout_height="wrap_content"
android:text="Text"
android:layout_width="wrap_content"
android:layout_toRightOf="@id/studentlistrowImageView1"
android:layout_centerVertical="true"
android:id="@+id/rollTv"
android:textColor="#73E2FA"
android:paddingLeft="5dp"
android:textSize="16sp"/>

<TextView
android:layout_height="wrap_content"
android:text="Level"
android:layout_width="wrap_content"
android:layout_alignParentRight="true"
android:background="#FE392C"
android:textColor="#FDFDFD"
android:paddingLeft="10dp"
android:paddingRight="10dp"
android:id="@+id/listrowTextView1"/>

<Button
android:layout_height="wrap_content"
style="?android:attr/buttonStyleSmall"
android:text="Call"
android:layout_width="wrap_content"
android:layout_alignParentRight="true"
android:id="@+id/listrowButton1"
android:layout_alignParentBottom="true"
android:textColor="#FFFFFF"/>

<Button
android:layout_height="wrap_content"
style="?android:attr/buttonStyleSmall"
android:text="x"
android:layout_width="wrap_content"
android:layout_toLeftOf="@id/listrowButton1"
android:layout_below="@id/listrowTextView1"
android:layout_marginRight="50dp"
android:textColor="#F02A1D"/>

</RelativeLayout>

-----------------------------------------

ကိုမျိုး

AIDE Android Lessons And Project Group

မှ ကူးယူတင်ထားပါသည်

#mkk_ListView


Comments