ListView Project (8)











ListView project လေးတစ်ခု အပျင်းပြေ ရေးကြည့်ရအောင်ဗျာ ... အပိုင်း ( 8 )
***********************

အပိုင်း (8) တောင် တိုင်ခဲ့လေပြီ။ အရင်အပိုင်းမှာ Dialog Box ကနေ Add Button ကို နှိပ်ကာ နာမည်၊ ဖုန်း EditText က စာတွေကို ဖမ်းပြီး AIDEFighter object ထဲထည့်က အဲ့ဒီ object တွေကို ListView မှာ တင်ပြနိုင်ခဲ့ပါပြီ။

ဆိုတော့ ListView မှာ ရှိနေတဲ့ ဒီ AIDEFighter object တစ်ခုဆီတိုင်းမှာ ကျနော်တို့ ထည့်လိုက်တဲ့ data အသီးသီးကို ListView အတွက် တာဝန်ယူရတဲ့ FighterAdapter class က ကျနော်တို့ @Override လုပ်ခဲ့တဲ့ getView(...) method အတွင်းကနေ ထုတ်ယူပြီး သက်ဆိုင်ရာ TextView တွေမှာ ပြလို့ရပါပြီ။

ဒါကြောင့် အရင်အပိုင်းတုန်းကလို အခု getView() method အတွင်းမှာ View တွေကို id ချိတ်ကြရအောင်။ (ss မှာလည်း ပြထားပါမယ်။)

ဆိုတော့ ကျနော်တို့ ListView ရဲ့ row အတွက် သုံးခဲ့တဲ့ Layout က list_row.xml ဆိုတော့ အဲ့ layout xml ဖိုင်ဆီသွားပြီးတော့ id တွေ သတ်မှတ်ပေးလိုင်ပါ။

ဘယ်ဖက်ရှိနေတဲ့ TextView ကို
nameTv
ညာဖက်ထောက်က TextView ကို
levelTv
x နဲ့ Button ကို
deleteBtn
Call Button ကို id
callBtn

လို့ အသီးသီး id ပေးလိုက်ပါ။

id ပေးပြီးသားတွေ ဖြစ်နေရင်လည်း ဖျက်ပြီး အခု id နာမည်တွေပဲ ပေးလိုက်ပါ။

အရင်အပိုင်းတုန်းကအတိုင်း အခု View တွေက rowLayout ထဲမှာ ရှာရမှာ ဖြစ်တဲ့အတွက်

rowLayout(၏)findViewById(R.id.xxxx);

TextView nameTv = (TextView) rowLayout.findViewById(R.id.nameTv);
TextView levelTv = (TextView) rowLayout.findViewById(R.id.levelTv);

Button deleteBtn = (Button) rowLayout.findViewById(R.id.deleteBtn);
Button callBtn = (Button) rowLayout.findViewById(R.id.callBtn);


ပြီးရင် deleteBtn နဲ့ callBtn ကိုလည်း အရင်အပိုင်းကအတိုင်း onClickListener ချိတ်လိုက်ပါ။

ဒါဆို TextView တွေ Button တွေကို code က သိသွားပြီ။

ဒီ FighterAdapter class ရဲ့ getView() method က ListView မှာပေါ်နေတဲ့ item တစ်ခုချင်းစီ တစ်ခုချင်းစီတိုင်းကို ကိုယ်စားပြုနေတာပါ။ ဒါကြောင့် ဒီ method တွင်းကနေ ListView မှာပေါ်နေတဲ့ item တစ်ခုချင်းစီရဲ့ data ကို တစ်နေရာတည်းက လှမ်းယူလို့ရတယ်။

ဆိုတော့ စောစောက id ချိတ်လိုက်တဲ့ nameTv ဆိုတဲ့ TextView။ သူ့ကို ListView ထဲက item ရဲ့ နာမည် data ကို ယူပြီး ပြပေးမယ်ဆို။

ကျနော်တို့ ဒီ FighterAdapter class ရေးတုန်းက class အတွင်းမှာ ယူသုံးဖို့ ဖမ်းထားတဲ့ List စာရင်းရှိတယ်။ mFighterList;

mFighterList ထဲမှာ ထည့်ထားတာက AIDEFighter object လေးတွေ။ ဒီ object တစ်ခုစီတိုင်းမှာ နာမည်၊ ဖုန်း၊ Level data အသီးသီး ဖန်တီးထည့်တုန်းက ထည့်ပေးထားလို့ ပါလာပြီးသား။

အခု getView() method အတွင်းကနေ AIDEFighter လေးတွေပါတဲ့ mFighterList ထဲကနေ ListView မှာ ရှိနေတဲ့ position နေရာ ကနေ AIDEFighter တစ်ခု လှမ်းယူမယ် -

mFighterList.get(position)

ဒါဆို ကျနော်တို့လက်ထဲ သက်ဆိုင်ရာ position က AIDEFighter object တစ်ခု ရလာပြီ။ ရလာတဲ့ object ကနေ နာမည်အတွက် getName() ဆိုတဲ့ ကျနော်တို့ AIDEFighter class ရေးတုန်းက ရေးခဲ့တဲ့ getter method နဲ့ နာမည်ကို လှမ်းယူမယ်။ ကျနော်တို့ ဒီ getter method တွေ ရေးတုန်းက return type တွေကို String type နဲ့ သတ်မှတ်ခဲ့တာ သတိရဦးမှာပါ။ ဒါကြောင့် အခု getName() getter method က ရလာမှာက နာမည်ကို String type နဲ့ပေါ့။ ဒီရလာတဲ့ String ကို nameTv ပေါ်မှာ တင်ပြပေးလိုက်ရုံ။ ဒီလိုပေါ့။

nameTv.setText(mFighterList.get(position).getName());

နောက် levelTv အတွက်လည်း ထိုနည်း၎င်း -

levelTv.setText("Level " + mFighterList.get(position).getLevel());

သူ့ကျတော့ Dialog Box မှာ Level အတွက် ထည့်ခိုင်းတုန်း က 1/2/3 တစ်ခုခုပဲ ရေးထည့်ပါလို့ ပြောထားခဲ့လို့ 1/2/3 ဂဏန်းတစ်ခုခုပဲ data ရလာမှာ။ ဒါကို ရှေ့က "Level " ဒါမှ မဟုတ် "Level is " ဆိုပြီး level TextView မှာ ကိုယ်ပေါ်စေချင်တဲ့ စာလုံးအတိုင်း ပေါ်အောင် ထပ်ဖြည့်ရေးပေးပါလို့ ရှေ့မှာ "Level " + ဆိုပြီး String ကို ဆက်ပေးထားတာပါ။

ဒီအဆင့်ထိ ပြီးသွားရင် App ကို Build လုပ်ပြီး List ထဲ New Member ထည့်ကြည့်ပါဦး။ ဒီတစ်ခါ ထည့်လိုက်တဲ့ data တွေက ListView မှာ သက်ဆိုင်ရာ TextView တွေမှာ လာပေါ်နေပြီ ဆိုတာတွေ့ရမှာပါ။

ကဲ ဒီ တစ်ခါ x Button ကို နှိပ်ရင် List ထဲက သက်ဆိုင်ရာ position က item ကို ဖျက်ပစ်ရမှာဆိုတော့ deleteBtn ကို ချိတ်ထားတဲ့ onClickListener ထဲ ရေးမယ်။

သုံးရမယ့် စာရင်းက mFighterList ။ List တွေမှာ item တွေကို ဖျက်ချင်ရင် android က ပေးထားတဲ့ remove() ဆိုတဲ့ method ပေးထားတယ်။ သူ့ထဲကို ကိုယ်ဖျက်ချင်တဲ့ item ရဲ့ တည်နေရာ index ကို ထည့်ပေးလိုက်တာနဲ့ သူ့အလိုလို ဖျက်ပေးသွားမှာ။ ဒီနေရာမှာ index ဆိုတာ position နဲ့ အတူတူပေါ့။ ဒါကြောင့် အခု FighterAdapter class ရဲ့ @Override method မှာ int position ဆိုပြီး ListView ထဲက item တစ်ခုချင်းစီရဲ့ position နေရာကို ယူသုံးနိုင်အောင် ပေးထားတာပါ။

mFighterList.remove(position);

ဒီနေရာမှာ position မှာ error လာပြပါမယ်။ အဲ့ variable ကို final လုပ်ခိုင်းတာပါ။ error ပေါ်ကို ထောက်ပြီး အပေါ်ဘားတန်းက အမှန်ခြစ်နေရာကိုသွားပြီး Make final လုပ်ပေးလိုက်ပါ။

x (delete) Button ကို နှိပ်လိုက်တာနဲ့ ဒီ code က အလုပ်လုပ်ပြီး item ကို ဖျက်ပစ်ပေးမှာ။ ဒါဆို mFighterList စာရင်းက အသစ်ဖြစ်သွားပြီဆိုတော့ ဒီ List စာရင်း အသစ်ကို အသစ်ပြန်ပြဖို့ ကျနော်တို့ MainActivity class က showMyList() method ကို ပြန် method call/run လုပ်ဖို့  လိုဦးမှာ။

ဒီတစ်ခါလည်း casting လုပ်ပြီး အလွယ်နည်းနဲ့ အဲ့ method ကိုလှမ်း call/run ပါမယ်။
((MainActivity)mContext).showMyList();

ဒီ code လေးကို MySpecialDialog class ရဲ့ Add Button onClick() အတွင်းမှာလည်း သုံးခဲ့ဖူးပါတယ်။

အဲ့ဆီမှာတုန်းက mContext နေရာမှာ getActivity() နဲ့ပါ။

getActivity() တို့ အခု mContext နှစ်ခုစလုံးက "this" reference ကို ကိုယ်စားပြုတာပါ။ ဒီ casting လုပ်တဲ့အပိုင်းကို Java မှာ Upcasting နဲ့ Downcasting ဆိုပြီး ခေါင်းစဉ်ခွဲလေးတွေ ရှိပါတယ်။ ရှာဖတ်ကြည့်ပါဦး။

ဒါဆို deleteBtn onClick အတွင်းမှာ ရေးရမယ့် code နှစ်ကြောင်း ပြီးသွားပါပြီ။ နောက် ဖုန်းနံပါတ်အပိုင်းလည်း ပါသေးတယ်ဆိုတော့ Call Button နှိပ်လိုက်ရင် သက်ဆိုင်ရာ position က AIDEFighter object ဆီက ဖုန်းနံပါတ်ကို ယူပြီး ဖုန်းခေါ်ပေးဖို့ method လေး တစ်ခု ရေးရအောင်။ နာမည်က callPhone ပေါ့။ (ဖုန်းခေါ်တဲ့ permission ထည့်ပေးဖို့လည်း မမေ့ပါနဲ့ဦး။ ) အခု method ကို ဒီ class ထဲတင် သုံးမှာမို့ method scope ကို private modifier နဲ့ ရေးလိုက်ပါ။

private void callPhone() {

}

ဖုန်းခေါ်ဖို့ ဖုန်းနံပါတ်လိုမယ်။ ဆိုတော့ input data အနေနဲ့ ဖုန်းနံပါတ်ကို String type နဲ့ တောင်းထားလိုက်ပါ။

private void callPhone(String phone) {

}

ကိုယ်က တစ်ခုခု လုပ်ချင်တယ်ဆိုရင် ဘာလုပ်ချင်တာလဲ ဆိုတဲ့ Intention/Intent ရည်ရွယ်ချက်ကို ရည်ညွှန်းပြီး android မှာ Intent ကို Google က ဖန်တီးပေးထားတာပါ။ ဖုန်းပဲ ခေါ်ချင်ခေါ်ချင်၊ share ပဲ လုပ်ချင်လုပ်ချင် ကိုယ်လုပ်ချင်တဲ့ Intent အတွက် Intent တစ်ခုကို ဖန်တီးပေးရပါတယ်။

Intent mIntent = new Intent();

ကိုယ် Intent ရဲ့ လုပ်ပေးရမယ့် အလုပ် action က ဖုန်းခေါ်ချင်တာဆို

mIntent.setAction(Intent.ACTION_CALL);

ပြီးတော့ ဒီ action အတွက် လိုအပ်မယ့် data အခု ဖုန်းခေါ်မှာဆိုတော့ အပေါ်က input တောင်းယူထားတဲ့ phone နံပါတ်ပေါ့။

mIntent.setData(Uri.parse("tel:" + phone));

နောက်ဆုံးအနေနဲ့ ဒီ Intent ကို တကယ်လုပ်ပေးပါပေါ့။

mContext.startActivity(mIntent);

ဒီနေရာမှာ startActivity(.....) တို့လို method တွေက Activity ကို extends လုပ်ထားတဲ့ (တစ်နည်း) "this" reference ရှိတဲ့ class တွေ (ဥပမာ MainActivity class) မှာသာ တိုက်ရိုက်ယူသုံးနိုင်တာပါ။ မဟုတ်ရင် ဒီ "this" reference ကို အရင်ရှာပြီးမှ အဲ့ method ကို ခေါ်သုံးနိုင်မှာပါ။

ဒါကြောင့် အခု ကျနော်တို့ ရေးနေတဲ့ FighterAdapter class မှာ constructor ကနေ input အဖြစ် MainActivity class ဆီက တောင်းယူလာတဲ့ ဒီ "this" reference ရှိတဲ့ mContext ကို အရင်ရှာပြီးမှ startActivity() method ကို ခေါ်သုံးပေးရခြင်း ဖြစ်ပါတယ်။

mContext.startActivity(mIntent);

ဒါဆို အခု callPhone method အပြည့်အစုံက ဒီလို ရလာပါမယ်။

private void callPhone(String phone) {

Intent mIntent = new Intent();
mIntent.setAction(Intent.ACTION_CALL);
mIntent.setData(Uri.parse("tel:" + phone));
mContext.startActivity(mIntent);

}

ဖုန်းခေါ်ပေးရမှာက call Button နှိပ်မှ ဆိုတော့ အဲ့ Button onClick အတွင်းကနေ ဒီ method ဆီကို method call လုပ်ပြီး run ခိုင်းပေးလိုက်ပါ။

method call လုပ်ရင် ဒီ method က input အဖြစ် တောင်းထားတဲ့ ဖုန်းနံပါတ် String ကို စောစောက AIDEFighter object က နာမည်တွေ level String တွေ ယူသလို လှမ်းယူပြီး ဒီ method ဆီကို ထည့်ပေးလိုက်ပေါ့။

ဒါဆို ဟိုအပေါ်က call Button အတွက် onClickListener တစ်ခုလုံးအတွက် ရေးရမယ့် code က ဒီလို ဖြစ်နေမှာပေါ့။

callBtn.setOnClickListener(new OnClickListener() {
@Override
public void onClick(View v) {

callPhone(mFighterList.get(position).getPhone());

}
});

ဒါဆို ဒီအပိုင်းက အဆုံးသတ်ကတော့မှာပါ။ ဒါပေမယ့် အခု project အတွက် ဒီ FighterAdapter class ကို ဒါနောက်ဆုံးပြင်ရေးတာ ဖြစ်ပြီး နောက်အပိုင်းတွေ လက်ဖျားနဲ့တောင် ထိတော့မှာမဟုတ်တဲ့အတွက် ကျနော်တို့ List row လေးတွေကို animation ထည့်ခဲ့ရအောင်လား။ ရေးဗျာ method နောက်တစ်ခု moveMyView ပေါ့။

private void moveMyView()
{


}

Animation လုပ်ချင်တဲ့ View ကို input အဖြစ်တောင်းယူထားမယ် mView နာမည်နဲ့

private void moveMyView(View mView) {


}

အလွယ်ဆုံး code သုံးကြောင်းနဲ့ ရေးလို့ရတဲ့ TranslateAnimation တစ်ခု သုံးမယ်ပေါ့။

TranslateAnimation instance တစ်ခု ဖန်တီးမယ်-

TranslateAnimation mAnimation = new TranslateAnimation(x, 0, 0, 0);

( အပေါ်က code ထဲက x တန်ဖိုး declare လုပ် မကြေငြာရသေးဘူးဆိုတော့ ဟိုးး အပေါ်က class ထိပ်ဆုံးမှာ

int x = 600;

လို့ ကြေငြာပေးထားလိုက်ပါ။ )

အချိန် သတ်မှတ်မယ် -

mAnimation.setDuration(800);

View ကို animate လုပ်မယ်

mView.setAnimation(mAnimation);

class ထိပ်က x တန်ဖိုးကို အပေါင်းတစ်လှည့် အနုတ်တစ်လှည့် လဏ္ခာပြောင်းပေးမယ်။

x = - x;

ဆိုတော့ ဒီ method အပြည့်အစုံက

private void moveMyView(View mView) {

TranslateAnimation mAnimation = new TranslateAnimation(x, 0, 0, 0);
mAnimation.setDuration(800);
mView.setAnimation(mAnimation);

x = - x;
}

ဒီ method ကို အပေါ်က @Override method getView() ထဲက return statement မတိုင်ခင် method call လုပ်ပေးလိုက်ပါ။ method call ထဲကို ကိုယ့်  animation ထည့်ချင်တဲ့ View ဖြစ်တဲ့ List ရဲ့ row View ဖြစ်တဲ့ rowLayout ကို pass (ထည့်ပေး) လိုက်ရုံပါ။

moveMyView(rowLayout);

နောက်ဆုံး နောက်ဆုံးအနေနဲ့ ဒီ project သဘောတရားကနေ ယူပြီး List စာရင်းတွေ အများကြီး အများကြီး ထည့်ဖို့ အခုလို custom Adapter class ရေးကြမယ့်သူတွေအတွက် ListView လေးတာတွေ ဘာတွေကို ရှောင်ရှားနိုင်ရန် အခုလို နည်းနည်းလေး ပြင်ရေးလိုက်ပါ။

ကျနော်တို့ FighterAdapter class ရဲ့ getView() method တာဝန်ဟာ ListView မှာပေါ်မယ့် item row တစ်ခုချင်းစီအတွက် view တွေကို ထုတ်ပေးဖို့ တာဝန်ယူထားတာဖြစ်တဲ့အတွက် ကျနော်တို့က ဒီ view ကို LayoutInflator နဲ့ လှမ်းယူပြီး rowLayout View အနေနဲ့ အစားထိုး ပေးပေးပြီး အသုံးပြုခဲ့တယ်။ အမှန်က ကျနော်တို့ သုံးမယ့် layout ကို super class ဆီကို constructor နဲ့ လှမ်းပို့ပြီးသား။

super(context,R.layout.list_row, ....

ဒီ View ကို အခု getView() method အတွင်းက convertView အနေနဲ့ super class က View ပြောင်းချင်ရင် ပြောင်းလို့ရအောင် ပြန်ချပေးတယ်။ ဒီ View ကို ကျနော်တို့က ယူသုံးပေးရမယ်။

View rowLayout = convertView;

ဒါပေမယ့် အဲ့ဒီ convertView က null ဖြစ်နေလား စစ်ပေးရမယ်။

if(rowLayout == null) {

null ဖြစ်နေတယ်ဆိုမှ ကျနော်တို့က LayoutInflator ကို သုံးပြီး View တစ်ခုကို ဖန်တီးအစားထိုးပေးလိုက်ရင် LayoutInflator ကို ခဏခဏ ယူသုံးစရာ မလိုတော့တဲ့အတွက် ListView က သွက်လာပါမယ်။ ဒါကြောင့် အခု getView() method အတွင်း TextView တွေကို id မချိတ်ခင် ဒီ convertView ကို ယူသုံးနိုင်အောင် အခုလို ပြင်ရေးလိုက်ပါ။

View rowLayout = convertView;

if(rowLayout == null) {
LayoutInflater inflater = (LayoutInflater) mContext.getSystemService(Context.LAYOUT_INFLATER_SERVICE);
rowLayout = inflater.inflate(R.layout.list_row, parent, false);
}

ဘာဖြစ်လို့ convertView ကို null စစ်ရပါသလဲ။ ဒီ convertView ဟာ ListView ထဲက item တွေထဲက ဖုန်းမျက်နှာပြင်မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ item View တွေကို ယူယူပြီး ListView item တွေအတွက် View layout ကို အသစ်မလုပ်ပဲ reuse ပြန်ပြန်သုံးပေးတဲ့ View တစ်ခုဖြစ်ပါတယ်။ ဆိုတော့ item တစ်ခုဟာ ဖုန်းမျက်နှာပြင်မြင်ကွင်းကနေ တစ်ဝက်တစ်ပျက် ပေါ်မလို ပျောက်မလိုဖြစ်နေတဲ့အခြေအနေမျိုးမှာ android system က ဒီ item ရဲ့ View ကို ယူပြီး reuse ပြန်သုံးနိုင်တဲ့ convertView အဖြစ်ပြန်ချပေးဖို့ ဆုံးဖြတ်ရ အခက်တွေ့နေတဲ့အတွက် ဒီ convertView ဟာ ပြန်ချပေးရင် null မဟုတ်ပဲ ပါလာမယ်။ ပြန်ချမပေးရင် ဗလာ null အနေနဲ့ ဖြစ်နေမယ်။ ကျနော်တို့က ဒီ convertView ကို ယူသုံးချင်သေးတာ ဖြစ်တဲ့အတွက် null စစ်ပြီး null ဖြစ်နေမှ LayoutInflator ကို သုံးပြီး အပေါ်ကလို View တစ်ခု ဖန်တီးယူသုံးသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်ကတွေ့ရတဲ့ Adapter class တွေမှာ ဒီ convertView ကို null စစ်တဲ့ code လေးတွေ မြင်ဖူးကြပါလိမ့်မယ်။

if(convertView == null) {

// ...

}

ကဲ ဒီလောက်ပါပဲ။ ဒီအပိုင်း ရကြမယ် ထင်ပါတယ်။ List item တွေ အများကြီးထည့်ပြီး ListView ကို ကစားကြည့်ပါဦး။ မရှင်းတဲ့နေရာ comment ကနေ မေးနိုင်ပါတယ်လို့ ပြောရင်း ...

အပိုင်း ( 9 ) မျှော် ... :)

-----------------------------------------
ကိုမျိုး

AIDE Android Lessons And Project Group

မှ ကူးယူတင်ထားပါသည်

#mkk_ListView


Comments