NotePad Project(1)
Note Pad Project (1)
================
Note pad ဆိုတာ note လေးတွေ ရေးပြီး သိမ်းထားနိုင်တဲ့ Application ဖြစ်ပါတယ်။ Activity ၂ခု ပါမယ်။ MainActivity မှာ ListView တခု ပါမယ်။ သူက သိမ်းထားတဲ့ notes တွေကို list လုပ်ပြပါမယ်။ Note တခုကို နှိပ်လိုက်ရင် နောက် Activity (NoteActivity) ပွင့်လာပြီး အဲဒီ note ထဲက စာတွေကို EditText နဲ့ ပြပါလိမ့်မယ်။ စာတွေ ပြင်လို့ ရတယ်။ NoteActivity ရဲ့ Back button ကို နှိပ်လိုက်ရင် EditText ထဲက စာတွေကို အဲဒီ note မှာ ပြန်သိမ်းသွားပြီး MainActivity ကို ပြန်ရောက်လာပါမယ်။
MainActivity ရဲ့ ActionBar ပေါ်မှာ "Add" icon တခု ပါမယ်။ သူ့ကို နှိပ်လိုက်ရင် Custom dialog တခု ပေါ်လာပြီး Note name တောင်းပါမယ်။ ပြီးရင် NoteActivity ပွင့်လာပြီး စာတွေ ရေးထည့်နိုင်ပါမယ်။ NoteActivity ရဲ့ Back button ကို နှိပ်လိုက်ရင် EditText ထဲက စာတွေကို အဲဒီ note မှာ ပြန်သိမ်းသွားပြီး MainActivity ကို ပြန်ရောက်လာပါမယ်။ Note အသစ်က ListView ထဲ ရောက်နေပါမယ်။
ListView Item တခုကို long click နှိပ်လိုက်ရင် အဲဒီ note ကို delete လုပ်ပါမယ်။ (Confirm dialog နဲ့ သေချာလား မေးပါမယ်။ )
Note တခုဟာ ဖိုင်တခု ဖြစ်ပါတယ်။ အဲဒီ ဖိုင်တွေကို Internal Storage ထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။ ListView က Internal Storage ထဲမှာ ရှိတဲ့ ဖိုင်တွေကို list လုပ်ပြတာ ဖြစ်ပါတယ်။ List Item နှိပ်ရင် အဲဒီဖိုင်ထဲက စာတွေကို ဖွင့်ဖတ်တာ ဖြစ်ပါတယ်။ NoteActivity ရဲ့ Back button ကို နှိပ်ရင် EditText ထဲက စာတွေကို အဲဒီ ဖိုင်မှာ သိမ်းလိုက်တာ ဖြစ်ပါတယ်။
=========
#notepad
#nnl
AIDE Android Lessons And Project Group
ဆရာ Nyi Nyi Lwin Post မှ ကူးယူတင်ထားပါသည်
#Credit / ဆရာ Nyi Nyi Lwin
Comments
Post a Comment
Thank,s for ...