Aide Basic Lesssons (7) if 《》else function
#Java Lesson7( if else function )
============================
Java အပိုင်းရဲ့ if else function အကြောင်းကို ဒီသင်ခန်းစာမှာရှင်းပြပေးထားပါတယ်... တော်တော်လေးကို အသုံးဝင်တဲ့အတွက် သဘောတရားကို မိအောင်ဖမ်းစေချင်ပါတယ်... သဘောတရားနားမလည်ရင် အခက်အခဲတွေဖြစ်လာနိုင်ပါတယ်... ခုသင်ခန်းစာမှာ ဥပမာပေးအနေနဲ့ EditText မှာ စာသားတန်ဖိုးရိုက်မယ်... ရိုက်တဲ့စာသားမှန်ရင် မှန်တယ်ဆိုတဲ့အကြောင်း Toast Message လေးနဲ့ဖော်ပြပေးမယ်... မှားတယ်ဆိုရင် မှားကြောင်းဖော်ပြပေးမယ်.... ဒါကိုကောင်းကောင်းနားလည်သွားရင် မိမိ app ထဲကို Passwords မှန်မှ ဝင်ခိုင်းတာမျိုး.. ဖန်တီးနိုင်ပါတယ်.... ခုတော့ အလွယ်ဆုံးနည်းကပဲ စသွားရအောင်... မသွားခင်... Concept ပိုင်းနည်းနည်းပြောပြမယ်....
ကျနော်တို့ EditText တစ်ခုပေးထားမယ်... ဒါမှ User ဟာ တန်ဖိုးတစ်ခုရိုက်ထည့်နိုင်မယ်... ရိုက်ထည့်တာကဟုတ်ပြီ... သူရိုက်ထည့်ပြီး bt နှိပ်မှာပဲ... bt နှိပ်တာနဲ့လုပ်ရမယ့်အလုပ်ကိုကျနော်တို့ ကြိုတင်စီစဉ်ထားဖို့လိုအပ်ပါတယ်... အဲဒါက......user ရိုက်ထည့်လိုက်တဲ့တန်ဖိုးဟာ ကျနော်တို့ကြိုတင်စီစဉ်ထားတဲ့ တန်ဖိုးနဲ့ညီမညီ if function သုံးပြီးစမ်းစစ်ရမယ်... အဖြေမှန်မှ Toast ကို မှန်ကြောင်းပြောပြစေမယ်... မဟုတ်ရင်တော့ မှားတယ်ပေါ့ဗျာ.... ကဲ...လက်တွေ့ကြည့်ရအောင်...
Aide Basic Concepts
Kyaw Thurain
Comments
Post a Comment
Thank,s for ...