♡ မိဘ ♡

သံစဉ်လည်း မကျွမ်းကျင်
အကလည်း မသင်ဖူး ။

ချိုမှိုင်မှိုင်၊ အိုအေ့အေ့အိုဖြင့်
အငိုတိတ်အောင် ချော့မြှူပေးတဲ့
မိဘကျေးဇူး ။

ပါဏာတိပါတာ
သိရှာပေမယ့်လည်း ။

မှည့်၊ခြင်၊ယင် လာလို့ကိုက်က
ရိုက်သတ်မှာပဲ ။

အန္တရာယ် ဘယ်မမြင်
သေရင်လည်း ဘယ်မမှု ။

ကျားရဲတိရစ္ဆာန် ရင်ဆိုင်တွေ့က
ရှေ့က အံတု ။

ဒုက္ခဆို သူတို့လွယ်
သုခကို ခြယ်သပေး ။

မေတ္တာတရား နှိုင်းယှဉ်မရတဲ့
မိဘတဲ့လေး ။

မိုးသွေး(ပန်ထွာမြေ)


Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》