☆ ပန်းတိုင်သို့ လျှောက်လှမ်းကြရာဝယ် ☆

အမုန်းတရား လွှင့်စင်ဖို့
နှလုံးသား သင့်ရင်မှာဖြူ ။

သံသရာ ကစားကွင်းမှာ
အမှန်သာ အမှားကင်းမှ
"လား"ခြင်းက တလူလူ ။

အရှုံး အခက်အတွက်
အပြုံးတစ်စက် နှလုံးမူ
အမုန်းအမျက်ဟူ လွင့်ကွယ်ပျောက် ။

အမြဲအစဉ်
တွဲတူယှဉ် ကူဖေးမမှ
လူရေးလှ မယိမ်းယိုင်ဘဲ
ပန်းတိုင်သို့...ရောက် ။

မိုးသွေး(ပန်ထွာမြေ)


Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》