နွေဦးမြိုင်လယ်
နွေဦးမြိုင်လယ်
***************
ဝဲကာပျံကာ၊ ဤမြိုင်ချာ၌
အာကာခရီး၊ လေယာဉ်စီး၍
ကိုယ်ထီးငြိမ်သက်၊ မြေသို့သက်သည်
ကြွေရွက်ဝါလော၊ လိပ်ပြာလော။
အလုဆန်းသစ်၊ ပျိုမျစ်မျစ်တည့်
ကြင်ချစ်ဖွယ်ရာ၊ ပင်တိုင်းမှာလျှင်
ပြူကာတစု၊ ပေါ်တာစုသည်
မြနုသစ်လော၊ ပုရစ်လော။
လေပြေ၌တွင်၊ ပျော်မြူးရွှင်၍
ကြည်လင်လဲ့လဲ့၊ ကျူးရင့်ဖွဲ့လျက်
နွဲ့နွဲ့နှေင်းနှောင်း၊ ငြိမ့်ငြိမ့်ညောင်းသည်
နတ်စောင်းသံလော၊ ငှက်သံလော။
(မင်းသုဝဏ်)
Comments
Post a Comment
Thank,s for ...