☆ သတ္တိမဟာ ရွှေမြန်မာ ☆

သတ္တိမဟာ၊မြန်မာလော ၊မြန်မာလော ။

ဟုတ်ထည်း ညီရင်း ၊ညီရင်း ။
ဟုတ်ထည်း ညီမရင်း၊ ညီမရင်း ။
ဟုတ်ထည်း မောင်နှမရင်း ၊ညီအကိုရင်း ။

မြန်မာဟူသည် ၊
           ရွှေပြည် ရွှေပြည် ၊
မြန်မာ့ရေမြေ ၊သာယာပေ ၊
တို့တွေ ကာကွယ်မယ် ကာကွယ်မယ် ။

စိုပြေစိမ်းလန်း ၊ တို့တောတန်း ၊
စိတ်ဝမ်းကြည်နူးဖွယ် ကြည်နူးဖွယ် ။

ကျေးငှက်သံသာ ၊တို့မြို့ရွာ ၊
ရင်မှာပျော်မွေ့တယ် ပျော်မွေ့တယ်။

သယံဇာတ ၊ပေါကြွယ်ဝ ၊
မြန်မာ့မြေပေါ်ဝယ် မြေပေါ်ဝယ် ။

မြစ်ချောင်းအင်းအိုင်၊ တောဂနိုင် ၊
မြိုင်ယံအသွယ်သွယ် အသွယ်သွယ် ။

တို့တိုင်းရင်းသား ၊တစ်သုံးငါး ၊
မှတ်ထားကြစေကွယ် ကြစေကွယ် ။

မြန်မာ့ဘုန်းရောင် ၊ ဂုဏ်ရှိန်ပြောင် ၊
တောင်ကျွန်းဇဗ္ဗူနယ် ဇဗ္ဗူနယ် ။

ဗုဒ္ဓညွှန်ပြ ၊မြတ်ဓမ္မ ၊
ပွားကြမေတ္တာခြယ် မေတ္တာခြယ် ။

ဖေးမ တွဲထူ ၊ကြည်ကြည်ဖြူ ၊
ငြူစူစိတ်ထားပယ် စိတ်ထားပယ် ။

အဖြူ အမည်း ၊ တို့မခွဲ ၊
လက်တွဲကူမ ကယ် ကူမ ကယ် ။

မျိုးဘာမထီ ၊ အာဇာနည် ၊
ညီညာဝင့်ဝင့်ထည် ဝင့်ဝင့်ထည် ။

ဖွံ့ဖြိုးလော ၊ တိုးတက်လော ၊ စည်ကားလော ။

                         🌷မိုးသွေး🌷(ပန်ထွာမြေ)


Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》