သာ‌ပေါင်း ညာစား

သာ‌ပေါင်းညာစား သူ့အကျင့်‌
ယခုအခါ အ‌နေတင့်‌။

ယခင်‌ရှေးခါက မူကား
ဆီးရွက်‌အငယ်‌ မျက်‌နှာထား။

သနားကြ၍ ‌စောင့်‌‌ရှောက်‌ကြ
မျက်‌နှာငယ်‌‌လေး ကြီးထူပွ။

ထက်‌ကလူများ ခိုင်း‌စေလျှင်‌၊
အားတက်သရော မျက်‌နှာရွှင်‌။

သူလိုချင်‌ရာ များကိုလည်း၊
အသိမခံ သူဖြည့်‌ဆည်း။

ဖြည့်‌ဆည်းရင်းနှင့်‌ ယခုခါ၊
သူကြွယ်‌ကြီးမျှ ဖြစ်‌‌နေပါ။

သာ‌ပေါင်းညာစား အကျင့်‌‌တော့၊
တ‌ပြားသားမျှ သူ မ‌လျှော့။

ကန်‌‌တော့ဆွမ်းပါ ဆိုလျှင်‌ပင်‌၊
သူ့မျက်‌နှာက အလွန်‌ရွှင်‌။

ချမ်းသာခြင်းလျှင်‌ သူ့အစွဲ၊
ဘယ်‌သူ‌တွေက ဆဲချင်‌ ဆဲ။

သာ‌ပေါင်းညာစား အကျင့်‌ပဲ။

(မင်းသုဝဏ်‌)


Comments

Popular posts from this blog

♡ မင်္ဂလာခွန်းဆက် ♡

《《 ဝမ်းနည်းပါကြောင်း 》》