♧ လွမ်းမိတယ် ♧

နေဝင်တခို ၊
လွမ်းတေးဆို ၊
ထွေးညိုကိုလည်း လွမ်းမိတယ် ။

လွမ်းဖွယ့်ဌာနေ၊
မွေးရပ်မြေ ၊
ငါလေနေ့တိုင်း လွမ်းမိတယ် ။

မာတာပီတ ၊
မိနှင့်ဖ ၊
စိတ်ကရွယ်ရည် လွမ်းမိတယ် ။

ဘယ်တော့ ဘယ်ခါ ၊
တွေးရင်းသာ ၊
ဆွေးကာရင်ထဲ လွမ်းမိတယ် ။

ငယ်ပေါင်းအဖော် ၊
မှန်းရည်မျှော် ၊
တော်ရာကနေ လွမ်းမိတယ် ။

ဝမ်းစာကိုဖြည့် ၊
ဘယ်မပြည့် ၊
နေ့ရက်တိုင်းလည်း လွမ်းမိတယ် ။

မှန်းရွယ် လွမ်းကွယ် ၊
လွမ်းမိတယ်၊
လွမ်းဖွယ်ရာတိုင်း လွမ်းမိတယ် ။

မိုးသွေး(ပန်ထွာမြေ)


Comments

Popular posts from this blog

Aide Basic Lesson 1 (MainActivity)

《《 ဝမ်းနည်းပါကြောင်း 》》