ဧည့်သည်
ဧည့်သည် ********* လာတုန်းကလဲ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။ ။ ပြန်သွားတော့လဲ တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။ ။ လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်းမှာ ဝန်းကျင်ယှက်နွယ် နှောင်ကြိုတွယ်ကြ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ မလိုဒေါသ လိုလောဘနှင့် ဘဝဇာတ်ခုံ ကကြိုးစုံကြ ကံကုန်မိုးချူ ပ် လက်တွဲဖြုတ်ခါ သုတ်သုတ်စောလျှင် ခရီးနှင်သည် တို့များ ဧည့်သည် ပါတကား။ ။